Ep11: အသဲကွဲနေတာ ဘယ်သူလဲ (Unicode)

1.2K 137 6
                                    

အပိုင်း-(11)
အသဲကွဲနေတာဘယ်သူလဲ ငါလား။
မင်းလား

ညနေဘက်လူစုံတက်စေ့ ထမင်းစားပွဲတွင်ရှိနေပေမယ့် ကျွန်တော်ရဲ့စိတ်တို့ကထမင်းစားပွဲတွင် အာရုံမရှိနိုင်ပေ။

"ကောင်လေး ဟင်းမကြိုက်လို့လား ထည့်စားလေ။ ရွေးလေးက ပုစွန်စားချင်တယ်ဆိုလို့ ဒေါ်လေးဆီပြန်လေးချက်လိုက်တာ"

"မဟုတ်ပါဘူးဒေါ်ဒေါ် ကျွန်တော် ညနေကသူငယ်ချင်းတွေနဲ့ မုန့်စားလာလို့ သိပ်မစားနိုင်တာပါ"

ဒယ်ဒီကကျွန်တော့် မျက်လုံးတို့ကိုအကဲခတ်သလိုကြည့်ပြီး၊ လက်ထဲကဇွန်းကိုချကာ သူ့သိချင်စိတ်တို့ဖြင့် စကားစလေသည်။

"ရှား ဟိုကောင်မလေးနဲ့ သားထပ်မတွေ့တော့ဘူးလား"

"ကျွန်တော်မှ အဲ့ကိစ္စတွေကိုစိတ်မဝင်စားသေးတာ ဒယ်ဒီရာ"

"မင်းဘယ်တော့မှ စိတ်ဝင်စားလာမှာလဲကွ သူများသားသမီးတွေအိမ်ထောင်ကျလို့ မြေးချီရကြပြီ ဘယ်မလဲငါ့မှာ"

"အဲ့ကိစ္စပြောမယ်ဆိုကျွန်တော်ဆက်မစားတော့ဘူး"

"ရတယ်လေ မင်းမိန်းမမယူရင်လဲနေ။
ငါ့သမီးကို ငါအစွံထုတ်မယ်"

ဒယ်ဒီရဲ့စကားကြောင့် ရွေးလေး၏မျက်လုံးတို့ပြူးကျယ်ကာ သောက်လက်စ ဟင်းရည်ပင်သီးသွားတော့၏။

"ဘာလဲ အဲ့တစ်ယောက်နဲ့ထပ်တွေ့ရင်ရပြီမလား။ သားသွားတွေ့လိုက်မယ်။
ရွေးငယ်ကို ဒယ်ဒီပြသနာမရှာနဲ့။"

ရွေးငယ်လဲအခုမှပင် ထမင်းကိုမျိုချနိုင်သည့်အလား...
သက်ပြင်းတွေချနေတော့သည်။

ရှားတစ်ယောက် ကြယ်တွေစုံသည့်ကောင်းကင်ကိုကြည့်ရင်း အထီးကျန်သည့်ခံစားမှုကိုခံစားနေရ၏။ ခါတိုင်းဆို အစ်ကိုဒီး၏တိုက်တွင် ကြယ်မပြောနှင့် ဘာမှကောင်းကောင်းမမြင်ရသောကြောင့် ဤမျှလောက်အဆွေးဓာတ်ခံကိုမခံစားရ။ ထို့အတူ အလိုက်မသိစွာ လေကလည်း မတရားတိုက်ခတ်နေသော​ကာ ပုံမှန်နေ့တွေထက်ပိုအေးသလိုပင်။

ဒီအချိန်ဆို အနည်းဆုံးတော့ဖုန်းဆက်သင့်ပြီလေ။ အစ်ကိုဒီးက လောလောလတ်လတ် အငြင်းခံရကာ အသည်းကွဲထားသည်မလား။

Blind Date (OC) (Completed)Tahanan ng mga kuwento. Tumuklas ngayon