Ep37(Uni & Zawgyi)

778 89 13
                                    

အပိုင်း-(၃၇)

နေရောင်ခြည် ဖျော့ဖျော့ကပြတင်းတံခါးကနေ ဝင်ရောက်လာပြီး မျက်နှာပေါ်သို့ကျ‌ရောက်လာသည်။
နူးညံ့လှတဲ့ မွေ့ယာရဲ့ အထိအတွေ့ကြောင့် ဆက်လက်အိပ်ဖို့ကြံရွယ်ပေမယ့် ဘေးရှိနေရာကအေးစက်နေသလိုခံစားမိသည်။ ညက သူမအိပ်ဘဲနေနေတာများလား။ တွေးတောနေရင်းက သူ့အတွေးထဲကို မနေ့ညက ပြင်းလျတဲ့အနမ်းတို့နှင့် ထိုကောင်လေးရဲ့ အထိအတွေ့တွေ ဝင်‌ရောက်လာတော့ ယောက်ျားလေးတစ်ယောက်အနေနှင့် ရှက်သွေးဖြာသလိုခံစားရပြီးတစ်ဆက်တည်းမှာပဲ တသိမ့်သိမ့် ကြည်နူးမှုကိုခံစားရပြန်သည်။

သူရုတ်တရက်ထလိုက်ပြီး ကြည့်လိုက်ရာ စားပွဲခုံပေါ်မှာမှောက်လျက်သား အိပ်နေသော ကောင်လေးကိုတွေ့ရသည်။ သူတစ်ညလုံး မအိပ်ဘဲနေနေတာလား Laptop screenကို ကြည့်မိတော့ ကျန်းမာရေးစာစောင်များကိုလေ့လာထားသည်ကို တွေ့ရသည်။ search listကိုကြည့်မိတော့ ခေါင်းနပန်းပင် ကြီးသွားလေသည်။ ထိပ်ဆုံးကပေါ်လာသည်က 'လိပ်ခေါင်းရောဂါနှင့် ကုသရန်ဆေးနည်းများ'၊ 'မည်သို့သော အစားအစာမျိုးကလိပ်ခေါင်းအတွက် သင့်တော်သလဲ' ၊ 'ဆန်ပြုတ်ကိုအရသာရှိအောင်ပြုတ်နည်း'တို့ပင်။ သူတော်တော်ကိုအရေးပါတာတွေကိုလေ့လာထားတာပါလားဟုသာ တွေးမိတော့သည်။

'' အစ်ကိုနိုးနေပြီလား ''

'' ညက မအိပ်ဘူးလား ''

'' အိပ်ပါတယ် ဒီတိုင်းသိချင်တာလေးတွေရှာနေလို့ပါ ''

''လိပ်ခေါင်းဖြစ်နေတာက ငါလား မင်းလား??''

'' အစ်ကိုကလည်း ဘာလို့ သူများ Laptopကိုလာကြည့်ရတာလဲဗျာ...''

'' ငါကမင်းကောင်လေးမို့လို့လေ''

ရှားကတော့ သူ့ကိုမနိုင်ဘူးဟူသောအကြည့်မျိုးနှင့်ကြည့်ကာ မီးဖိုချောင်ထဲကိုဝင်သွားလေသည်။ ကိုနန်ဒီးရဲ့စိတ်ထဲကအတွေးရိုင်းများကိုသာ ရှားသိနိုင်ခဲ့လျှင် ဆေးခန်းပြရမယ့်သူက သူသာဖြစ်လိုက်ပါတော့လို့တွေးနေတော့မည်။

ထမင်းစားပွဲဝိုင်းတွင် နံနက်စာစားဖို့ အန်ဂျလိုနှင့် မှိုင်းလေးတို့က နေရာယူလိုက်ကြပြီး အ‌ရောင်တလက်လက်မျက်လုံးတို့က စိတ်လှုပ်ရှားနေသယောင်။ သို့သော်ရှေ့ကိုလာချသော ဆန်ပြုတ်ပန်းကန်ကြောင့် နှစ်ယောက်သား ဟင်ဟူ၍သာ သက်ပြင်းချမိသည်။

Blind Date (OC) (Completed)Where stories live. Discover now