5[Zawgyi & Unicode]

Start from the beginning
                                    

သူမ လှည့်ကြည့်လိုက်သည့်အခါ အနက်ရောင်တီရှပ်နှင့်ဂျင်း ဝတ်ထားသော ကောင်လေးတစ်ယောက်သည် အော်ငေါက်ခံနေရသည်ကို မြင်လိုက်ရသည်။ အချိန်မမှန်သော အိပ်ချိန်တွေကြောင့် သူ၏မျက်နှာသည် အလွှာပါးတစ်ချပ်လို ဖြူဖျော့နေပြီး တကယ်ကိုပိန်နေသည်။ သူသည် ခေါင်းငုံ့ထားလျက် အော်ငေါက်ခံနေလေသည်။ သူ့ပုံစံက အညစ်အကြေးကြားမှ ပေါက်လာခဲ့သည့် အပင်တွေနှင့် တူနေလေ၏။

ပြီးနောက် သူသည်အတတ်နိုင်ဆုံး အင်အားတို့သုံးကာ comicစာအုပ်တွေအား အရှေ့သို့သွားချလေ၏။ မတ်တပ်ရပ်နေကြသည့် ထိုနားမှ လူတချို့သည် သူ့အားမကူပေးသည့်အပြင် စတင်ပြီးအော်ငေါက်လေတော့၏။

"ဒီ comicစာအုပ်တွေအကုန် ပိုသတိထားစမ်း! ပျက်စီးသွားရင် မာစတာနင်မုန့်ကို ပြန်ပြီးအလျော်ပေးနိုင်တာလည်း မဟုတ်ဘဲနဲ့!"

"မဟုတ်လို့လား! နင် ဘာကြည့်တာလဲ? နင်ဆိုတာ ဒီနေရာက ဘာမှမဟုတ်ဘူးဆိုတာ မမေ့နဲ့! နင်..."

အော်ငေါက်ခြင်းသည် ပိုပိုပြင်းထန်လာသည်မို့ နင်မုန့်သည်လည်း ဝင်မပါပဲ မနေနိုင်တော့ပေ။

"တော်တော့ တော်တော့"

လူတိုင်း သူတို့ပါးစပ်တို့ ပိတ်သွားကြလေတော့၏။

"မာစတာနင်မုန့် အချိန်ကျပါပြီ! စင်ရှေ့ကို သွားကြရအောင်ပါ"

နင်မုန့် ထိုင်ခုံမှထလိုက်ပြီးနောက် စင်ရှေ့သို့ ထွက်သွားလေ၏။ သုရုံကတော့ သူ့ခေါင်းကို ငုံ့ထားရင်းပင် နင်မုန့်နောက်သို့ လျှောက်သွားလေသည်။

'လူကောင်းလို ဟန်ဆောင်နေတာရပ်လိုက်တော့။ ဒီလိုမျိုး ဖြစ်အောင်မင်းပဲလုပ်ခဲ့တာ။ လူတိုင်းငါ့ကို အနိုင်ကျင့်လို့ရအောင် စစချင်းတည်းက မင်းလုပ်ခဲ့တာ! ဒီနေ့တော့ မင်းရဲ့ ကိုယ်ပိုင်ဆေးအရသာကို မြည်းစမ်းခွင့်ရစေရမယ်!" သုရုံတွေးလိုက်၏။

စင်ရှေ့တွင် ထိုင်လိုက်သည့်အခါ fanတွေသည် သူမလက်မှတ်ရဖို့ တန်းစီလိုက်ကြသည်။ အရာရာတိုင်းသည် ပုံမှန်ဖြစ်နေ၏။ နင်မုန့်သည်လည်း လက်မှတ်ရေးထိုးပေးကာ သူမ fanတွေနှင့် လက်ဆွဲနှုတ်ဆက်ပြီး supportပေးသည့်အတွက် ကျေးဇူးတင်နေလေသည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now