"အရူး ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

You XiaoMo က လဲရှင်းရှင်းလင်းလင်းသိရဖို့ နှိမ့်ချတဲ့အသံလေးနဲ့မေးလိုက်တယ် "ဒါဆို ဘာကို ဆိုလိုတာလဲ?"

Ling Xiaoက အာရုံစိုက်ပြီး ပြောလိုက်တယ် "မှော်ဆရာတွေအားလုံးတော့ ထာဝရအသက်ရှည်ပြီး ဘယ်တော့မှ အသက်မကြီးပဲ နေနိုင်တာမဟုတ်ဘူး။ ဒါကမွေးရာပါ ပါရမီနဲ့ ဆိုင်တယ်။ အဆင့်ပိုမြင့်လေ  မှော်ဆရာရဲ့ သက်တမ်း ရှည်လေပဲ။ ဝိဉာဉ်ကလဲပိုပြီး သန်မာလာလိမ့်မယ်။ ဝိဉာဉ်က လုံလုံလောက်လောက် သန်မာလာတဲ့ အခါ သူက တစ်ခြားလူတွေကိုတောင် တိုက်ခိုက်လို့ရတယ်။"

နောက်ဆုံးပိုင်းကိုကြားပြီးတော့ You Xiao Mo ရဲ့မျက်လုံးလေးတွေလက်သွားတယ်။ မှော်ဆရာတွေက တိုက်ခိုက်နိုင်စွမ်းမရှိတဲ့ အားနည်းတဲ့လူတွေလို့ သူအမြဲတမ်းထင်ထားခဲ့တာ။

"အစ်ကိုကြီးLing  ပြောတာ အမှန်ပဲလား? မှော်ဆရာရဲ့ဝိဉာဉ်က လုံလောက်အောင် သန်မာလာရင် တစ်ခြားသူတွေကို ကိုယ့်ဘက်က စတိုက်ခိုက်ဖို့ သုံးလို့ရတယ်ပေါ့? သူများကို ပြန်မတိုက်ခင် စောင့်စရာမလိုဘူးပေါ့?"

You XiaoMo ကစိတ်လှုပ်ရှားစွာ ပြောလိုက်တယ်။ သူ့ခန္ဓာကိုယ်က သွေးတွေဆူပွက်နေတယ်လို့တောင် ခံစားနေရတယ်။

"ဒါပေါ့။ ဒါပေမယ့် အဆင့်မြင့်မှော်ဆရာတွေပဲ လုပ်နိုင်တယ်။"

Ling Xiaoက ဖြူဖွေးနေတဲ့သွားတန်းလေးတွေ ပေါ်အောင် ပြုံးပြလိုက်တယ်။ နောက်ပြီး ရေအေးအေးနဲ့ အပက်ခံလိုက်ရတဲ့ပုံပေါ်နေတဲ့ You XiaoMoကို ကျေနပ်နေတဲ့ပုံနဲ့ ကြည့်လိုက်တယ်။ *ဂါတ် ဂါတ် ဂါတ်* ဒါက သူ့ကို အမြဲတမ်း စိတ်လှုပ်ရှားစေတာပဲ။

You Xiao Mo ကတကယ်ပဲရေနဲ့ပတ်ခံလိုက် ရသလိုခံစားနေရတယ်၊ ရေအေး နဲ့တောင်မဟုတ်ဘူး ရေခဲရေနဲ့။ ပိုးစိုးပက်စက်ကို မမျှတတာပဲ။ သူ့ဝိဉာဉ်က အစိမ်းရောင်လေ။ သူ့ရဲ့မွေးရာပါစွမ်းရည်နဲ့ဆို အလယ် အလတ်ဆင့်မှော်ဆရာ ပဲဖြစ်နိုင်မှာ။ ကံမကောင်းစွာနဲ့ အဆင့်မြင့်မှော်ဆရာဆိုတာ ဒီတစ်သက်အတွက်တော့ အိမ်မက်တစ်ခု သာသာပဲရှိတော့မယ်။ ဒီလိုစကားပြောပြီးတဲ့နောက်တော့ မှော်ဆရာတွေက တိုက်ခိုက် နိုင်တယ်ဆိုတာ သူနောက်ဆုံးတော့ သိလိုက်ရတယ်။ ဒါပေမယ့်သူက အရည်ချင်းမပြည့်မီဘူး။ သူအလယ်လတ်ဆင့်မှော်ဆရာ ဖြစ်လာနိုင်ရင်ကို အမွှေးတိုင်ထွန်းပြီး ဘုရားကို ပူဇော်ရှိခိုး သင့်နေပြီ။ နောက်ဆုံးတော့လည်း အစိမ်းရောင်ဝိဉာဉ်ဆိုတာ ဘာမှမဟုတ်တာနဲ့တော့ မကွာပါဘူး။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now