Part (36)

3.8K 284 2
                                    

Unicode...

    "Hello ကိုကြီး အခန်းရှေ့ထွက်လာခဲ့ပါလား "

   သူရအပြောကြောင့် ရှိန်းကြောင်အသွားသည်။ "ဒီအချိန်ကြီး အခန်းရှေ့ထွက်ပြီး ဘာလုပ်ဖို့လဲ" လို့လည်း တွေးမိပါသေးသည်။

    "ညီ အခန်းရှေ့က ဘာလုပ်ဖို့ "

    "ခဏပဲ ထွက်လာခဲ့ပါဆို "

    "အင်း "

    ရှိန်းလည်း ၀ရံတာကနေ ထွက်လိုက်ပြီး အောက်ကို ကြည့်လိုက်တော့ ဘာမှ မရှိ။

    "ညီ ၀ရံတာကနေ ဘာမှ မတွေ့ရဘူး "

    "ဟာ ကိုကြီးကလည်း အခန်းရှေ့ကို ပြောတာ ။ ၀ရံတာရှေ့ မဟုတ်ဘူးလေ "

    "အော် အင်း အင်း "

    ရှိန်းလည်း ခုမှ သဘောပေါက်ပြီး အခန်းရှေ့သို့ မြန်မြန်ထွက်လာခဲ့သည်။ အခန်းရှေ့မှာလည်း ဘယ်သူမှမရှိ ။ သို့သော် စာအုပ်လေးတစ်အုပ်ရှိနေသည်။ ရှိန်းလည်း စာအုပ်လေးကို ကောက်ယူကာ ဖွင့်ကြည့်လိုက်တော့ အရှေ့ဆုံးစာမျက်နှာတွင်

    " Thura with Shane forever "

    ရှိန်း ထိုစာကြောင်းလေးကို လက်ဖြင့်စမ်းကြည့်ရင်း

    "ညီ ဒီနားမှာ ရှိတာ ကိုယ်သိတယ် ။ ထွက်လာခဲ့ ညီ "

    သူရလည်း အမှောင်ထောင့်တစ်နေရာကနေ ထွက်လာကာ

    "ကိုကြီး "

   လို့ခေါ်လိုက်ပြီး မှေးတဲ့ မျက်လုံးလေးကို ပိတ်သွားအောင် ပြုံးပြသည်။

    ရှိန်းလည်း သူရနားဆီကို မြန်မြန်လျှောက်သွားကာ သူရကို ရင်ဘတ်ထဲတွင် မြှုပ်သွားအောင် ဖက်လိုက်သည်။ ပြီးတော့ သူရရဲ့ နဖူးလေးကို နမ်းလိုက်ပြီး

     "ညီ့ကို ကိုယ်အရမ်းချစ်တယ်ညီ ။ ညီ့ဆီ ကိုယ်လာမို့ပဲ ။ ဒါပေမယ့် ညီက မိဘတွေနဲ့ တူတူနေတော့ လာလို့ မရဘူးလေ ။ ညီအရောလာလိမ့်မယ်လို့ ကိုယ်တကယ်မထင်တာညီ။ အဲ့အတွက်  ကိုယ်...ကိုယ် အရမ်းပျော်တယ် ။ အား ..ညီ့ကို ချစ်တယ်ညီ "

    ရှိန်းတစ်ယောက် စကားတွေကို မရပ်မနားပြောရင်း မျက်လုံးတို့က အရည်တွေ ရွှန်းလဲ့လျှက်။ သူရလည်း ရှိန်းရဲ့ ကျလုဆဲဆဲမျက်ရည်တို့ကို ကြည့်ကာ သူပါ ငိုချင်လာမိသည်။ သို့သော် မငိုဖြစ်အောင်ထိန်းပြီး

Without you, I would not exist. (complete)Where stories live. Discover now