Part (6)

7.3K 646 30
                                    

Unicode

ဟန်မင်းထွဋ်သည် သန်ဘက်ခါ တနင်္လာနေ့၌ စာမေးပွဲဖြေရမည်ဖြစ်၍ စာကိုသေချာရအောင်ပြန်ကျက် ပြန်ကြည့်ရန် အချိန်လိုလာသည်။ ထို့ကြောင့် စနေနေ့ နေမင်းယံအိမ်ကိုစာသွားသင်ပြီး အပြန်တွင်နေမင်းယံ အဖေ ဦးဇေယျာမောင်ကို တစ်ပတ်လောက်စာလာမသင်နိုင်ကြောင်း ပြောသွားသည်။ ဦးဇေယျာမောင်သည်လည်း ခွင့်ပြုပေးလိုက်သည်။

နေမင်းယံကတော့ စာမသင်ရတော့၍ ပျော်ပေမယ့် ဟန်မင်းထွဋ်ဆိုသောထိုလူကြီးနှင့် မတွေ့ ရတော့၍ မပျော်နိုင်။ တွေ့ချင်သောစိတ်ကိုလည်း မထိန်းထားနိုင်။

ဟန်မင်းထွဋ်သည် အာရုံကိုတစ်ခုတည်းစုထားတတ်သူဖြစ်ပေမယ့် နေမင်းယံကိုတော့ စိတ်ထဲမှ မဖျောက်နိုင်။ တွေ့ချင်မိသည်။ အကျင့်နှင့်မလိုက်ဘဲ ချစ်ဖို့ကောင်းနေတတ်သော မျက်နှာလေးကိုလည်းမြင်ချင် နေမိပြန်ပါသည်။ သို့သော် မိမိကြိုးစားစာလုပ်မှ မိမိတိုးတက်ဖို့ လမ်းကြောင်းရှာတွေ့မည်ကို ပြန်တွေးကာ တွေ့ချင်စိတ်တို့ကို ချိုးနှိမ်ရပြန်ပါသည်။

ဟန်မင်းထွဋ်သည် ကျောင်းသင်္ကြန်ရှိတုန်းကလည်းမသွားဘဲ ထိုကောင်လေးကိုသာ စာသွားသင်ပေးသည်။ အခုတော့ စာမေးပွဲကအရေးကြီး၍ ခွင့်တိုင်တာဖြစ်သည်။ စာမေးပွဲ ပြီးလျှင်တော့ သူ့ကို စာချက်ချင်းပြန်သင်ပေးတော့မည်။

ဟန်မင်းထွဋ်သည် စာမေးပွဲတစ်တွင်းလုံးပင်ပန်းရပါသည်။ ကျောင်းတွင်စာအတော်ဆုံးဆုကိုလည်း ရထားတော့ ပြန်မကျအောင် သေချာကြိုးစားရသည်။ Presentation လုပ်လျှင်လည်းသူငယ်ချင်းများက သူ့ကိုအားကိုးကြသည့်အတွက် အရမ်းစေ့စပ်အောင်ကြိုးစားရပါသည်။

တစ်ပတ်လုံးကြိုးစားလိုက်တာ စာမေးပွဲ နောက်ဆုံးနေ့ရောက်လာခဲ့သည်။

"ဟေး ဖြေလို့ပြီးပြီ ။ 1st sem ပြီးသွားပြီကွ။ ငါလုံး၀အောင်တယ် ဟားဟား။"

"ငါရောပဲ ဟေး...."

စည်သူနဲ့အာကာက စာမေးပွဲပြီး၍ အော်ကြီးဟစ်ကျယ်ပျော်နေကြသည်။ မေဖူးမကလည်းပျော်နေပါသည်။ ဟန်မင်းထွဋ်ကတော့ မူကြိုကလေးတွေလိုပျော်နေသော သူတို့ကိုကြည့်ကာ ခေါင်းခါမိသည်။

Without you, I would not exist. (complete)Where stories live. Discover now