Part (29)

4.5K 317 7
                                    

Unicode...

ဗုဒ္ဓဟူးနေ့~~~

ကျောင်းဘောလုံးအားကစားပြိုင်ပွဲသည် ယနေ့မှ သောကြာနေ့အထိ ကျင်းပမည်ဖြစ်၍ တစ်ကျောင်းလုံးတွင် ကျောင်းသူကျောင်းသားများစည်ကားလျှက်။

မေဂျာတစ်ခုချင်းစီတိုင်းကလည်း ကိုယ့်မေဂျာအသင်းအတွက် အားပေးရန် စိတ်အားထက်သန်လျှက်။

ယနေ့တွင်တော့ ပွဲအစတွင် 4th year နှင့် 3rd year အသင်းတို့၏ ပွဲစဥ်ဖြစ်ပြီး ထို့နောက်တွင် 1st year နှင့် 2nd year ဖြစ်သည်။ ထိုလေးသင်းမှ နိုင်တဲ့နှစ်သင်းသည် ညနေရောက်လျှင် တစ်သင်းသာ ကျန်ရန် ယှဥ်ပြိုင်ရမည်ဖြစ်သည်။

ဘောလုံးပွဲက ၉နာရီခွဲမှ စမည်ဖြစ်သော်လည်း ၉နာရီ မထိုးခင်တွင်ပင် ကျောင်းထဲ၌ အားပေးသံများနှင့် ဆူညံနေသည်။ နေမင်းယံနှင့် သူရကတော့ ကိုယ့်မေဂျာထက် 4th year နှင့် 2nd year ဘက်ကို ပို၍ အားသာနေသည်။

သူရတစ်ယောက်လည်း 2nd yaer အလံကြီးကို တစ်ကိုင်ကိုင်နှင့် ။ နေမင်းယံကပင် သူရကို စချင်လာသောကြောင့်

"ဟေ့ရောင်သူရ ။ မင်းက 1st year မဟုတ်ဘူးလား ။ ဘာလို့ 2nd year အလံကြီးကိုင်ထားတာလဲ ဟား...။ ငါသိတယ်နော် ဟိ"

သူရလည်း နေမင်းယံ ပြောလိုက်သောကြောင့် ရှက်ရမ်းရမ်းပြီး စကားတွေပင် ထစ်ကုန်သည်။

"နေ.. နေမင်းယံ ။ မင်း.. မင်းလည်း 4th year အလံကိုင်တာပဲလေ ။ တူ..တူ ပဲကို"

"ဟား..ဟား .. စကားတွေပါထစ်ကုန်ပြီဟေ့ ။ ငါက ကိုကို ရှိလို့ 4th year ကို အားပေးတာလေ ။ မင်းက ဘယ်သူ ... ဟင် .. ငါသိနေတယ်နော် "

၀တ်ရည်လည်း နေမင်းယံစနေတဲ့ သူရကို စချင်လာတဲ့အတွက်

"အမလည်း သ်ိတယ် နေမင်းယံ ။ ဟိ..ဟိ.ဘယ်.သူ.ဆို.လား ။ "

"ဟား.."

နေမင်းယံနဲ့ ၀တ်ရည်က စနေကြတော့ သူရတစ်ယောက် 2nd year အလံကို အိတ်ထဲထည့်လိုက်ပြီး 1st year အလံကို လက်ထဲတွင် တင်းတင်းကိုင်ပြီး

"ဒီမှာ နှစ်ယောက်လုံး ။ 1st year အလံ ရပြီလား "

၀တ်ရည်နဲ့ နေမင်းယံလည်း သူရကို ကြည့်ကာ တစ်ဟားဟား ရယ်မောနေသည်။ မေဖူး ၊ စည်သူ ၊ အာကာ နှင့် ဟန်မင်းထွဋ်တို့ကတော့ သူတို့သုံးယောက်စနောက်နေတာကို ကြည့်ရင်း လိုက်ပြုံးနေမိသည်။

Without you, I would not exist. (complete)Where stories live. Discover now