Part (31) marry me YanYan ❤️❤️

5.4K 338 15
                                    

Unicode...

    သောကြာနေ့မနက်...

    နေမင်းယံနဲ့ ဟန်မင်းထွဋ်လည်း ကျောင်းမသွားရ၍ နောက်ကျမှ ထလာခဲ့သည်။ နေမင်းယံကတော့ ဟန်မင်းထွဋ်ရဲ့ရင်ခွင်ထဲမှာပဲပေါ့ ။ နှစ်ယောက်သားနိုးလာတော့ မနက် ၉ နာရီပင် ထိုးနေပြီဖြစ်သည်။ ဟန်မင်းထွဋ်က ထသွားပြီး မျက်နှာသစ်ကာ ကုတင်ပေါ်သို့ ပြန်လာသည်အထိ နေမင်းယံက မထသေး။

    "ယံယံ မနက်စာကို ကြက်ဥ ပေါက်မုန့်ကြော်ပဲစားမှာမလား "

    နေမင်းယံက ဟန်မင်းထွဋ်ရဲ့ ခါးကို ဖက်ကာ ဗိုက်ပေါ်တွင် ခေါင်းကို တင်ရင်း

    " အွန်း... "

    "ဟုတ်ပြီ ထတော့နော် ကိုယ်နဲ့ တူတူစားမယ် "

    "ဟုတ်ကဲ့ကိုကို "

      ဟန်မင်းထွဋ် ထလိုက်တော့ နေမင်းယံလည်း ခါးကို ဖက်လျှက်သားလေးပါသွားသည်။ ပြီးမှ ဟန်မင်းထွဋ်ရဲ့ ခါးကို လွှတ်လိုက်ပြီး ရေချိုးခန်းထဲ ၀င်လာခဲ့သည်။

      နေမင်းယံ မျက်နှာသစ်ပြီးပြန်ထွက်လာတော့ ကြက်ဥပေါင်မုန့်ကြော် အနံ့လေးက မွှေးနေတာပဲ။ နေမင်းယံလည်း မျက်နှာကို မြန်မြန်သုတ်ပြီး ထမင်းစားခန်းထဲသို့ လာလိုက်သည်။ အနံ့ကို တ၀ရှုလိုက်ပြီး

     "အား မွှေးနေတာပဲ ကိုကိုရေ ဗိုက်ဆာလာပြီ "

     "ယံယံ ဒီမှာ ရပါပြီဗျာ "

     "ဟုတ်ကဲ့ ကိုကို "

     နေမင်းယံလည်း ခုံမှာဝင်ထိုင်လိုက်သည်။ ဟန်မင်းထွဋ်ကလည်း ကြက်ဥပေါင်မုန့်ကြော်ပန်းကန်ကို ခုံပေါ်တင်လိုက်ပြီး ကော်ဖီတစ်ခွက်နှင့် လက်ဖက်ရည်တစ်ခွက်ကို ထပ်ဖျော်ကာ ခုံပေါ်တင်ပေးလိုက်သည်။ ပြီးမှ မိမိပါဝင်ထိုင်လိုက်သည်။

     "ယံယံ များများစား အားရှိအောင် "

     "စားမှာ အားကရှိပြီးသား ။ ပိုရှိအောင်လုပ်ရမယ် "

     နေမင်းယံက လက်မောင်းက ကြွက်သားကို ပြရင်း ပြောသည်။ ဟန်မင်းထွဋ်က မိမိအတွေးကို မိမိပေါက်ကာ ပြုံးစိပြုံးစိနှင့်။

Without you, I would not exist. (complete)Where stories live. Discover now