Part (30)

4.8K 336 11
                                    

Unicode...

     ဘောလုံးအားကစားပွဲပြီးသောနောက်အပတ်တွင် 1st yearတွေ tutorial ဖြေကြရသည်။ နေမင်းယံ နှင့် သူရကလည်း အင်္ဂါနေ့ tuto ဖြေရန်နှင့် ကြာသပတေးနေ့ lab ၀င်ရန် စာကြိုးစားနေရသည်။ ဒီအချိန်ထဲက ကြိုးစားထားမှ နောက်စာများလာတဲ့ အချိန် အကျင့်ဖြစ်မှာဆိုတဲ့ ဟန်မင်းထွဋ်ရဲ့ စကားကိုလည်း မှတ်သားရင်းပေါ့လေ။

  အင်္ဂါနေ့~~~~

     ကျောင်းကန်တင်းတွင် အဖွဲ့လိုက်ထိုင်ပြီး စကားပြောကာ ရယ်နေကြသော်လည်း နေမင်းယံနှင့် သူရကတော့ မနက်ပိုင်း tuto အတွက် စာလုပ်နေကြသည်။ ဟန်မင်းထွဋ် သူတို့နှစ်ယောက်ကိုကြည့်ရတာ မိမိကျောင်းစတက်တုန်းက ပုံစံလေးနှင့် တူ၍ ပြုံးရပါသေးသည်။ မိမိလည်း 1st year, 2nd year တုန်းက အလွန်စာကြိုးစားခဲ့သည်။

      နောက်နှစ်တွေကြတော့ စာလုပ်ပေမယ့် အဲ့နှစ်နှစ်ကို မမှီ။ ဟန်မင်းထွဋ်သည် စာလုပ်နေတဲ့ နေမင်းယံကိုကြည့်ပြီး နှဖူးနားကဆံပင်လေးတွေကို သပ်တင်ပေးကာ

     "ယံယံ ရပြီးသားတွေကို အဲ့လိုကြီးပြန်လုပ်နေရင် မေ့ကုန်မယ်လေ။ နားပါအုန်း "

     "ရပြီးသားပေမယ့် ကျွန်တော်က အမှတ်ပြည့် ရချင်တာ ။ "

     "စိတ်အေးအေး ထားဖြေရင် ရမှာပဲလေ။ ရပြီးသားပဲ တော်တော့ မလုပ်နဲ့တော့ "

      ဟန်မင်းထွဋ်က နေမင်းယံရဲ့ စာအုပ်ကို ဆွဲယူကာ ပိတ်လိုက်ပြီး

     "တော်တော့နော် "

     နေမင်းယံလည်း ဟန်မင်းထွဋ်ကိုကြည့်လိုက်ပြီး

     "အင်း မလုပ်တော့ဘူးနော်။ စာအုပ်ပြန်ပေး "

     "ok ok "

    ဟန်မင်းထွဋ်လည်း နေမင်းကို စာအုပ်ပြန်ပေးလိုက်ပြီး ဆံပင်လေးကိုဖွလိုက်သည်။ နေမင်းယံလည်း လူကြီးဆရာပြောတဲ့အတိုင်း ဆက်မလုပ်တော့ဘဲ စာအုပ်တွေကို လွယ်အိတ်ထဲပြန်ထည့်လိုက်သည်။

    "ကိုကို ကျွန်တော် စာအုပ်ပါလွယ်အိတ်ထဲထည့်လိုက်ပြီနော် "

    "ဟုတ်ပါပြီဗျာ ။ စိတ်ကိုသာအေးအေးထား "

    "ဟုတ်ကဲ့ "

Without you, I would not exist. (complete)Where stories live. Discover now