Part (33) ကိုကိုဆိုတဲ့ အကောင်လေး ကိုကိုဆိုတဲ့ အေကာင္ေလး

5.2K 317 13
                                    

Unicode....

       "ကိုကိုရေ ။ မြန်မြန်လုပ်လေ "

       "ခဏနော် ယံယံ ကိုယ်မြန်မြန်လုပ်နေတယ်"

      မနေ့က ခရီးပန်းလာတာကြောင့် မနက်ကို နောက်ကျမှနိုးလာကြသည့်အတွက် ကျောင်းနောက်ကျမှာစိုးလို့ ယံယံက သတိပေးနေခြင်းဖြစ်သည်။ ယံယံ ပြင်ဆင်ပြီးပေမယ့် ဟန်မင်းထွဋ်က မပြီးသေးတော့ ယံယံက ပွစိပွစိနဲ့ ။

      "ပြီးပြီ ယံယံ မြန်မြန်သွားကြမယ် "

      "အင်း "

      နှစ်ယောက်လုံး အခန်းထဲက မြန်မြန်ထွက်လာပြီး လမ်းမဆီထွက်လာခဲ့သည်။ YBSစီးလျှင် မှတ်တိုင်တစ်ခုချင်းစီတွင် ရပ်တာနဲ့ ကြာအုန်းမှာမို့ Taxi သာစီးပြီး ကျောင်းကို လာခဲ့သည်။

      ကျောင်းရောက်တော့ ၉နာရီထိုးပြီဖြစ်၍ ကန်တင်းမသွားတော့ဘဲ နေမင်းယံကို အခန်းဆီသို့ ပို့ကာ မိမိအခန်းဆီသို့ လာခဲ့၏ ။ အခန်းလည်းရောက်ရော မိမိနေရာတွင် ထိုင်ပြီးကာမှ အာကာက

      "ဟေ့ရောင် ဘာလို့ နောက်ကျနေတာလဲ ။ ဒီနေ့  1st year တွေစီသွားပြီး  King နဲ့ Queen အတွက် စာရင်းသွားကောက်ရမယ်တဲ့ "

      "ကောက်ရမယ့် သူတွေသွားကောက်မှာပေါ့ ။ ငါနောက်ကျတာနဲ့ ဘာဆိုင်လို့လဲကွာ ။ ကောင်းကောင်းတောင် အမောမဖြေရသေးဘူး ။ မင်းက လာငေါက်နေတယ် ။ ဟူး..မောရတဲ့ကြားထဲ "

     ဟန်မင်းထွဋ်က လွယ်အိတ်ကို နေရာတကျချရင်း စာအုပ်ထုတ်ကာ ပြောလိုက်သည်။

      "ဘာကို မင်းနဲ့မဆိုင်တာ ။ ငါတို့အကုန်လုံး ထင်တာတော့ ဒီနှစ် နေမင်းယံ King ဖြစ်မှာပဲ ။ ဟုတ်တယ်မလား မေဖူး " ဟု စည်သူက ပြောရင်း မေဖူးကို စစ်ကူတောင်းလိုက်သည်။

       မေဖူးလည်း စစ်ကူတောင်းသည်ကို လက်ခံပြီး

     " ဟုတ်တယ် နေမင်းယံလောက်ချောတာ သူပဲရှိတယ် ။ သူမှ King မဖြစ်ရင်ဘယ်သူဖြစ်မှာ လဲ ။ ဟန်မင်းထွဋ် ငါပြောပြမယ် ။ King ဖြစ်ပြီဆိုတာနဲ့ ကောင်မလေးတွေကြားရေပန်းစားလာမှာပဲ ။ ကောင်မလေးတွေ စိတ်၀င်စားတာကို ခံလာရမှာ ။ အဲ့မှာ နင့်ဘက်က နေမင်းယံအပေါ် သည်းခံသင့်တာတွေ ပေါ်လာမှာနော် ။"

Without you, I would not exist. (complete)Where stories live. Discover now