Part (17)

5.1K 465 6
                                    

Unicode

       မနက် ၁၀နာရီ

               နေမင်းယံ မျက်လုံးတို့သည် ဖြည်းဖြည်းချင်းပွင့်လာပြီး အခန်းထဲသို့ကြည့်လိုက်သည်။ ခေါင်းသည်လည်း တစ်ချက်တစ်ချက် ကိုက်လျက်။ နေမင်းယံသည် မနေ့ညက တစ်ညလုံးငိုထား၍လည်း စိတ်က မကြည်ပါ။

              နေမင်းယံသည် လှဲနေရာမှ ထထိုင်လိုက်သည်။ နေမင်းယံ ခေါင်းထဲမှာတော့ လူကြီးဆရာ၏ ပုံရိပ်တို့က ပေါ်လာပြန်ပါသည်။ လူကြီးဆရာပြောသော စကားတို့ကို ပြန်၍ ကြားယောင်လာပြန်ပါသည်။

     ~~~~   "ကိုယ်မင်းကို မချစ်ဘူး" ။ မချစ်ဘူးတဲ့လားကိုကိုရယ်။ ဒီကောင်ကတော့ ကိုကို့ကိုချစ်လိုက်ရတာ ရူးခါနီးပဲ။ ကိုကို ကျွန်တော့်ကို မချစ်ဘူးလို့ပြောတာ ကိုကို့စိတ်အမှန်မဟုတ်မှန်း သိတာပေါ့ ကိုကိုရယ်။ ကျွန်တော်ဆိုတဲ့ ကောင်ကလည်း ကိုကို့ရဲ့ စိတ်အမှန်ကို ပြန်ပေါ်လာအောင် လုပ်ပြီး ကိုကို့ကို ရအောင်ယူမှာမို့ ကိုကို စောင့်နေပေးပါကိုကိုရယ်~~~~~

      နေမင်းယံ ငိုချင်နေမိပါသည်။ သို့သော် မျက်ရည်ကလုံးဝထွက်မလာ။ မနေ့ညတည်းက မျက်ရည်တို့ ခန်းခြောက်ကုန်ပြီ ထင်ပါရဲ့။ နေမင်းယံသည် ရင်ဘတ်ကို လက်ဖြင့် ဖိကာ "မင်းရဲ့ အရှင်သခင်ကို ငါပြန်ရအောင်ယူပေးမယ်" ဟုပြောမိသည်။ နေမင်းယံ ကိုယ့်ကိုကိုပင် ရူးနေပြီဟု ထင်မိပါသည်။ ကို့ကို့ကြောင့်ပဲလေ ရူးမှာပေါ့။

          နေမင်းယံ အိပ်ယာပေါ်မှ ဆင်းကာ မျက်နှာသစ်ရန် ရေချိုးခန်းထဲသို့ ၀င်လိုက်သည်။ ရေချိုးခန်းမှန်မှာ ကိုယ့်မျက်နှာကိုယ် မြင်တော့ ရယ်ချင်မိသည်။ ငိုထားသော အရှိန်ကြောင့် မျက်လုံးနှစ်ဖက်သည် ဖောင်းမို့ကာ နီရဲနေသည်။ နှာသီးထိပ်လေးသည်လည်း နီဆွေးလျက်။ ပါးနှစ်ဖက်ကတော့​ခရမ်းချဉ်သီးမှည့်ကြီးလိုပင်။

          နေမင်းယံသည် မျက်နှာကို ထပ်မကြည့်တော့ဘဲ ရေဘားကိုဖွင့်ကာ ရေအေးအေးနှင့် မျက်နှာသစ်လိုက်သည်ပြီး သွားပွတ်တံပေါ် သွားတိုက်ဆေးတင်ကာ သွားတိုက်သည်။ သွားတိုက်နေတုန်းပင် နေမင်းယံ လူကြီးဆရာကိုသတိရမိပြန်ပါသည်။
မနက်ခင်းနိုးထလျှင် ချစ်ရသူမျက်နှာလေးကို ကြည့်ကာနိုးထချင်သည်။မျက်နှာသစ်လျှင် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍ ပြုံးကာရွှင်ကာ နေချင်သည်။ နေမင်းယံ တွေးရင်းပင်ပြုံးမိသလို စုလဲ့ကိုလည်း ပို၍ နာကျည်းမိပါသည်။

Without you, I would not exist. (complete)Where stories live. Discover now