Part (34) စေ့စပ်ပွဲ ေစ့စပ္ပြဲ

4.3K 309 13
                                    

Unicode...

    Fresher welcome နေ့....

     နေမင်းယံတို့ King , Queen selection တွေကလည်း အင်္ကျီဖြူလက်ရှည်လေးတွေနှင့် သပ်ရပ်နေလို့ ။ ပွဲမစခင်ထဲက လူတွေက တစ်အုန်းအုန်းနှင့်။

    မဏ္ဍာပ်ကိုတော့ ကျောင်း၀န်းထဲက မြေကွက်လပ်တွင် ဆောက်ထားပြီး အရှေ့တွင် ခုံများကို အစီအရီချထားသည်။ ဆရာ ၊ ဆရာမတွေက အရှေ့ဆုံးမှာပေါ့ ။ တစ်ခြားသူတွေက မိဘတွေက်ို ခေါ်လာသူတွေလည်း ရှိသည်။ နေမင်းယံတို့ အဖွဲ့က မိဘ တွေမပါသေးဘဲနှင့်ကို အုပ်လိုက်ကြီး ။

    ပွဲစတော့မည်ဖြစ်၍ နေမင်းယံတို့လည်း ခုံမှာနေရာယူကာ ထိုင်နေလိုက်သည်။ ထိုင်နေရင်း လူကြီးဆရာနှင့် တစ်ယောက်လက်တစ်ယောက်လည်း ကိုင်ထားမိပါသေးသည်။ မိမိဘေးတွင် သူရ ။ သူရဘေးတွင် အကိုရှိန်း ။ အကိုရှိန်းဘေးတွင် အမမေဖူးတို့က ထိုင်နေကြသည်။

    ခဏကြာတော့ပွဲစပြီဖြစ်၍ ကျောင်းပါမောက္ခချုပ်က မိန့်ခွန်းပြောသည်။  ထို့နောက် မော်ကွန်းထိန်း ။ သူတို့တွေ မိန့်ခွန်းပြောပြီးတော့ ကျောင်းသူ၊ ကျောင်းသားတွေကလည်း အကဖျော်ဖြေကြသည်။

     ပထမဆုံးစဖျော်ဖြေတာက 2nd year က အမတွေဖြစ်သည်။ သူတို့က ကချင်ဆင်တူ ၀တ်စုံလေးတွေ၀တ်ကာ "မနောတေးသံသာ" သီချင်းဖြင့် ကပြဖျော်ဖြေကြသည်။

     တစ်ခြားအဖွဲ့တွေကလည်း အသီးသီး ။ ရတဲ့သီချင်းဆို လိုက်ဆို ။ လက်ခုပ်တီးပြီးအားပေးနှင့် ပျော်စရာကြီး ။ ကြားထဲ ဟာသ ပြဇာတ်ကလည်း ပါသေးသည့် အတွက် ရယ်လိုက်ရတာ ခွက်ထိုးခွက်လန်။ မေဖူးကလည်း ရယ်တာရိုးရိုးမရီ။ စည်သူ့လက်ကို ရိုက်ကာ ရယ်နေသောကြောင့်

     "အမလေး ။ ငါ့လက်လဲ ပုပ်သွားပါအုန်းမယ် မေဖူးရယ် ။ ဖြည်းဖြည်းလုပ်ပါဟ"

     "ဟ ..ဟား .. အမလေး ရယ်ရတာ အူတောင်နာတယ်ဟယ် ။ ဟီး..ဟားဟားဟား "

     "ဖျက် ဖျက် ဖျက် "

     စည်သူပြောလည်းမရ မေဖူးက ဆက်ရိုက်ပြီးသာ ရယ်နေသည်။ စည်သူကလည်း လက်မောင်းကို ပွတ်ကာ မျက်နှာကြီးဆူပုပ်လျှက်။

Without you, I would not exist. (complete)Where stories live. Discover now