Part (10)

6.4K 534 3
                                    

Unicode

ဟန်မင်းထွဋ်သည် မေမေက သင်္ကြန်တွင်း တရားစခန်း၀င် သောကြောင့် မေမေ့အိမ်တွင် လာနေပေးရသည်။ မေမေက တရားစခန်းကို သင်္ကြန်မတိုင်ခင် တစ်ရက်ထဲက၀င်သွားသည်။

အခုတော့ အိမ်တွင် ဟန်မင်းထွဋ် ၊ ညီမလေး နှင့် အိမ်အလုပ်လုပ်ပေးသော ဒေါ်ကြီးတစ်ယောက်သာရှိသည်။ ကားဒရိုက်ဘာကလည်း သင်္ကြန်တွင်းမို့ခွင့်ယူကာ နယ်သို့ပြန်သွားသည်။

ညီမလေး၏ ကျန်းမာရေးသည် ရေချိုးမှား၍ ဖျားပြီးထဲက အရှင်းပျောက်သွားသည်မရှိ။ ခပ်နွေးနွေးကျန်ခဲ့လိုက် ပြန်ဖျားလိုက်ဖြင့်။ ညီမလေးကို ကြည့်၍ လည်းသနားမိပြန်ပါသည်။ ထို့ပြင် ညီမလေးပါးစပ်မှ နေမကောင်းနေတုန်း ယောင်ခေါ်ဖူးသော
"Sun"ဟူသည့်ကောင်လေးကိုလည်း မြင်ဖူးချင်သည်။

ညီမလေးကြိုက်သော ထိုကောင်လေးက ဘယ်လိုပုံစံလဲ။ ဘာကြောင့်ညီမလေးက အဲ့လောက်ချစ်တာလဲ ဆိုတာကိုပါ သိချင်နေမိသည်။ ဟန်မင်းထွဋ်သည် အတွေးတို့ကို ပြန်ဖျောက်ရင်း ညီမလေးအခန်းဆီသို့ လာမိပါသည်။

ညီမလေးအခန်းသည် ဘယ်တော့မှ လော့ခ်ချထား၍ မရှိ ။ ထို့ကြောင့်ဟန်မင်းထွဋ်တံခါးဖွင့်၍ ဖြည်းဖြည်းချင်း၀င်လာခဲ့သည်။ ညီမလေးကတော့ ကုတင်ပေါ်မှာ အပူအပန်မရှိ အပြစ်ကင်းစင်စွာ အိပ်နေလေသည်။

ညီမလေး၏ လက်ထဲမှာတော့ သူ့ရဲ့စာအုပ်လေးကို ပိုက်လျက်။ ဟန်မင်းထွဋ်သည် ထိုစာအုပ်ထဲတွင် ရေးထားသောအကြောင်းအရာများကို သိချင်သော်လည်း ညီမလေး၏ လျှို့၀ှက်ချက်ဖြစ်၍ ငြိမ်နေရပြန်သည်။

ညီမလေးကို ချစ်ပါသည်။ ညီမလေးစိတ်ဆင်းရဲမှာကိုလည်း မလိုချင်ပါ။
ဟန်မင်းထွဋ်သည် ညီမလေးကုတင်ဘေးတွင် ၀င်ထိုင်ပြီး ဆံပင်လေးကို သပ်ပေးမိသည်။ ထိုအချိန်တွင် ဟန်မင်းထွဋ်မျက်လုံးထဲ၌ နေမင်းယံ ပုံရိပ်တို့ကပေါ်လာပြန်သည်။ နေမင်းယံ အိပ်နေတုန်းတွင် ဆံပင်သပ်တင်ပေး၍ နှဖူးလေးကိုဖွဖွ နမ်းမိသော အကြောင်းကိုပြန်တွေးမိလျှင် နေမင်းယံကိုပြေးတွေ့ချင်စိတ်တို့က ၀ုန်းဒိုင်းကြဲလျက်။

Without you, I would not exist. (complete)Onde as histórias ganham vida. Descobre agora