Part (35)

3.9K 285 7
                                    

Unicode...

     မနေ့က မနက်မိုးလင်းတဲ့ အခြေအနေထိ ရောက်သွားတာမို့ ဒီနေ့ကျောင်းမတက်တော့ဖို့ နှစ်ယောက်လုံးဆုံးဖြတ်ပြီး ခုထိ အိပ်နေတုန်းသာ။

    "Ringtone ...."

    ဟန်မင်းထွဋ် ဖုန်းလာနေသောကြောင့် နှစ်ယောက်လုံးနိုးလာခဲ့သည် ။

    "ဟာ အိပ်နေတာကို ဘယ်ကဖုန်းလဲကွာ "

    ဟန်မင်းထွဋ်က အိပ်ချင်နေသောအသံဖြင့် စိတ်တိုစွာပြောလိုက်ပြီး ရင်ခွင်ထဲကနေမင်းယံကို အသာဘေးချကာ ထလိုက်ပြီး ဖုန်းကိုင်လိုက်သည်။ Contact ကိုမကြည့်ဘဲပေါ့။

    "Hello ဘယ်သူလဲ "

    " မင်းအဖေကွ .. ဘာဘယ်သူလဲလဲ "

    " စည်သူ ။ ဘာကို ငါ့အဖေလဲ "

    " ငါမှန်းသိလဲ ပြီးတာပဲ ။ ဒါနဲ့ မင်းတို့ကျောင်းမလာဘူးလား "

    " ဟုတ်တယ်။ မလာတော့ဘူး။ လာလို့ အဆင်မပြေလောက်ဘူး"

    " ဘာလို့လဲ ဟဲဟဲ ငါသိလို့ရမလား "

    " မရဘူး ။ ငါအိပ်ချင်သေးလို့အိပ်တော့မယ်ကွာ ။ သူရကိုလည်း ပြောလိုက်အုန်း ။ ယံယံ့အစား role ခေါ်ရင်ထူးပေးပါလို့ "

    "အေးအေး ပြောပေးမယ် ။ ငါတို့လည်း အခု ကန်တင်းမှာ မင်းတို့နှစ်ယောက်အကြောင်းပြောနေတာ ။ မင်းတို့ဘာလုပ်နေကြမလဲဆိုတာလေ "

    " ခွေးကောင်လေးတွေ ။ တော်တော်ပြောချင်နေလား ။ ငါတို့အကြောင်းကို "

    " မင်းတို့နှစ်ယောက်အကြောင်းက စိတ်၀င်စားဖို့ အကောင်းဆုံးပဲလေ ။ အဲ့တော့ မင်းတို့အကြောင်းပဲပြောတာပေါ့ "

    " ပြောချင်လည်း ပြောကြကွာ ။ ငါပြန်အိပ်တော့မယ် ။ Bye bye "

    " ခဏနေပါအုန်းကွာ ။ မနက်ဖြန်တော့ ကျောင်းတက်မယ်မလား "

    " အေး တက်မယ် "

    " အာ့ဆိုလည်း ဒါပဲ အိပ်တော့ "

    "အင်း အိပ်ပြီ "

    ဟန်မင်းထွဋ်လည်း ဖုန်းကို ခုံပေါ်ပြန်ချလိုက်ပြီး ပြန်အိပ်ဖို့ပြင်တော့ ရင်ခွင်ထဲ ယံယံ့ကို ဖြည်းဖြည်းချင်းပွေ့ဖက်လိုက်သည်။ ယံယံ့လည်ပင်းနားလေးတွင်ဆို မိမိပေးထားတဲ့ အမှတ်အသားလေးတွေက နီရဲလို့ ။ ဖြူဖွေးနေတဲ့ အသားရောင်ပေါ်မှာ အနီကွက်လေးတွေနှင့် လှချင်တိုင်းလှလို့ပေါ့ ။ ဟန်မင်းထွဋ်လည်း ထိုအရာလေးတွေကိုကြည့်ရင်း ရင်ထဲ နွေးထွေးရပါသည်။

Without you, I would not exist. (complete)Where stories live. Discover now