Part (32)

4.4K 311 5
                                    

Unicode...

     နေမင်းကြီးသည် ပင်လယ်အရှေ့ဘက်မှ တဖြည်းဖြည်းထွက်ပြူစ ပြုလာပြီဖြစ်သည်။မနက်ခင်းလေပြည်လေညှင်းလေးများကလည်း တသုန်သုန် တိုက်ခတ်နေသည်။ အုန်းပင်လေးများသည်လည်း တိုက်ခတ်နေသောလေနှင့် ဦးတည်ချက်တူညီစွာ ယိမ်းနွဲ့နေသည်။  အခန်းထဲတွင်လည်း တစ်ယောက်ကိုတစ်ယောက်တင်းကြပ်ကြပ်ဖက်ကာ အသက်ရှူ မှန်မှန်ဖြင့် လူနှစ်ယောက် အိပ်ပျော်နေလေသည်။

    မနက်၈နာရီထိုးပြီဖြစ်သော်လည်း ညကအားကုန်သာယာထားကြ၍ နှစ်ယောက်သားခုထိမထနိုင်သေး။ နေမင်းယံလည်း ဟန်မင်းထွဋ်ရဲ့ ရင်ခွင်ထဲတွင် မျက်နှာလေးအပ်ကာ နွေးထွေးစွာ အိပ်ပျော်နေသည်။ မိနစ်အနည်းငယ်ကြာသောအခါတွင် ဟန်မင်းထွဋ် နိုးလာသည်။

     မျက်လုံးနှစ်လုံးဖွင့်ကြည့်လိုက်တော့ ရင်ခွင်ထဲမှာအိပ်နေတဲ့ ယံယံလေးကို ကြည့်ကာ ပြုံးမိပါသည်။ အခုတော့ ချစ်ဖို့ကောင်းလှသည့် ထိုလူသားလေးကို မိမိအပိုင်အဖြစ် တံဆိပ်ခတ်နိုင်ခဲ့၍လည်း ကြည်နူးမိသည်။ ညကကိစ္စ ကိုပြန်တွေးမိပြန်တော့လည်း ယံယံ အဆင်ပြေပါ့မလားဟု စိတ်ပူမိပြန်သည်။ ယံယံ ရဲ့ "သက်ညှာပေးပါနော် " ဆိုတဲ့စကားကို ဟန်မင်းထွဋ် မနာခံခဲ့ဘူးလေ။

    ဟန်မင်းထွဋ် နိုးနေပေမယ့် မထသေးဘဲ ယံယံ့ရဲ့ ဆံပင်လေးများကို သပ်ပေးနေမိသည်။ ညက ကိစ္စပြီးသွားသည်နှင့် နှစ်ယောက်သားမောကာ အိပ်ပျော်သွားသည့် အတွက် အင်္ကျီတို့က ပြန်မ၀တ်ရသေး။ သန့်ရှင်းရေးလည်း မလုပ်ရသေး။ ယံယံနိုးလာလျှင် ရှက်နေမည် စိုး၍ ဟန်မင်းထွဋ် သန့်ရှင်းရေးလုပ်ဖို့ စိတ်ကူးသည်။ ထို့ကြောင့် မိမ်ရင်ခွင်ထဲက နေမင်းယံကို အသာလေးမပြီး မိမိလက်ကို သူ့ကိုယ်လုံးအောက်မှ ဆွဲထုတ်လိုက်သည်။ ပြီးတော့ နေမင်းယံမနိုးအောင် ဖြည်းဖြည်းချင်းထပြီး ရေချိုးခန်းထဲသို့၀င်သွားသည်။

     ဟန်မင်းထွဋ်လည်း ရေချိုးပြီး သဘတ်ပတ်ကာ ပြန်ထွက်လာသည်။ ထို့နောက် အင်္ကျီ၀တ်ပြီး နေမင်းယံကို သန့်ရှင်းရေးစလုပ်ပေးသည်။ အ၀တ်လေးကို ရေစွတ်ကာ နေမင်းယံကို သန့်ရှင်းပေးနေသည်။ နေမင်းယံကတော့ ခုထိမနိုးသေး။

Without you, I would not exist. (complete)Where stories live. Discover now