Part (26)

5.7K 427 13
                                    

Unicode

ဒီဇင်ဘာ ၁ ရက်နေ့

နေမင်းယံ ရန်ကုန်အနောက်ပိုင်းနည်းပညာ တက္ကသ်ိုလ် စတက်ရမည့်နေဖြစ်၍ စိတ်လှုပ်ရှားကာ အိပ်မပျော်နိုင်။ လူကြီးဆရာက မိမိကို နွေးထွေးစွာ ဖက်ထားပါသော်လည်း မျက်လုံးတို့က အိပ်မပျော်နိုင်။ ထို့ကြောင့် စောစော စီးစီးနိုးနေခဲ့သည်။

နေမင်းယံသည် နိုးနေပြီဖြစ်သော်လည်း လူကြီးဆရာရင်ခွင်ထဲမှာပဲ နေနေမိသေးသည်။ မိမိလှုပ်လိုက်လျှင် လူကြီးဆရာနိုးသွားမည် ဆိုး၍ပင်။ နေမင်းယံသည် အိပ်နေသော လူကြီးဆရာကို ကြည့်ကာ ပြုံးရပါသေးသည်။ ထို့နောက် လက်ညိုးလေးဖြင့် လူကြီးဆရာရဲ့ နှာခေါင်းလေးကို နဖူးနားကနေ နှာဖျားလေးအထိ မထိတထိလေး ဆွဲလိုက်ပြီး လူကြီးဆရာရဲ့ လည်ပင်းလေးကို နမ်းရှိုက်လိုက်သည်။

ထပ်၍လည်း လူကြီးဆရာရဲ့ ပါးလေးနှစ်ဖက်ကိုလည်း လက်ညိုးလေးဖြင့် လိုက်ထိတို့နေမိရင်း မိမိလက်ကို လက်တစ်ဖက်က ဖမ်းဆုပ်လိုက်သည်။ နေမင်းယံလည်း လန့်ကာ လက်ကိုကြည့်မိတော့

"ကိုယ့်မျက်နှာ ကို အဲ့လိုလေးလုပ်ရတာ ပျော်လား အချစ်ကလေးယံယံ "

နေမင်းယံလည်း လူကြီးဆရာက မိမိကို မိသွား ပြီဖြစ်၍ မျက်လုံးလေးမှိတ်သည် အထိ ပြုံးမိပြီး

" ပျော်တယ် ဟိ.. "

နေမင်းယံက "ပျော်တယ်"လို့ ပြောလိုက်တော့ ဟန်မင်းထွဋ်က နေမင်းယံလက်ကလေးကို သူ့ရဲ့ ပါးပေါ်သို့ တင်လိုက်ပြီး နေမင်းယံလက်အပေါ်မှ သူ့လက်ကိုတင်ကာ

" ယံယံ ပျော်တယ်ဆိုရင် ဆက်ကိုင်လေ ကိုယ်ငြိမ်နေပေးမယ် "

"အင်း ဟီးး"

လူကြီးဆရာက ငြိမ်နေပေးမယ်ပြောတော့ နေမင်းယံလည်း လူကြီးဆရာရဲ့ မျက်နှာလေးကို ကိုင်နေမိသည်။ ထိုအခါ နေမင်းယံရဲ့ ခေါင်းအောက်မှာ ခံထားတဲ့ လက်ကို ဟန်မင်းထွဋ်က ရှေ့သို့ ဆွဲလိုက်ပြီး မိမိနှုတ်ခမ်းနှင့် နေမင်းယံ နှုတ်ခမ်းကို ထိစေလိုက်သည်။

"အွန့်"

နေမင်းယံလည်း နှုတ်ခမ်းချင်းထိသောအခါ လူကြီးဆရာရဲ့ ရင်ဘတ်ကို လက်နဲ့ တွန်းလိုက်ပြီး

Without you, I would not exist. (complete)Where stories live. Discover now