"ငါ့ရင်ထဲမှာဘယ်လိုတေွခံစားနေရလဲ မင်းသိလား။ ဟမ်! မင်းသိလားလို့!!!"

ထိုလူရဲ့အင်္ကျီလည်ပင်းစကိုဆွဲကိုင်လို့ ကျယ်လောင်စွာအော်ပြောလိုက်သည်။ အပြင်ကလူကြားမှာတော့ စိတ်ပူစရာမလိုပါ။ VIP အခန်းမို့ အသံလံုသည်လေ။

"​သိစရာလိုလို့လား။ မင်းကသစ္စာမရှိတဲ့ သစ္စာဖောက်ကောင်လေ။ မင်းဘာသာမင်း​ သေပဲသေသေ... ခံစားပဲခံစားခံစား ငါသိစရာမလိုဘူး။ အေး... သိလဲမသိချင်ဘူး။"​

လက်ကိုစောင့်ခနဲဆွဲဖြုတ်လို့ ဆိုသည်။ ကျွန်တော်​ဟက်ခနဲတစ်ချက်ရယ်မိသည်။ ကျွန်တော့်ရင်ထဲကခံစားချက်အစစ်အမှန်ကို ဘယ်သူ့ကိုမှထုတ်မပြခဲ့သလို၊ ဘယ်သူကမှလည်း မသိချင်ခဲ့ဘူးပဲ။

သစ္စာဖောက်ကောင်တဲ့။

သူတို့မျက်လံုးထဲမှာ ကျွန်တော်ကိုသစ္စာဖောက်တစ်ကောင်ထက် ပိုမမြင်ကြဘူး။ ချစ်ရသူအတွက် ကျွန်တော့်ရဲ့အနစ်နာခံ ပေးဆပ်မှုတေွကိုကျ သူတို့မမြင်ကြဘူး။ ရင်ကွဲမတတ်နာကျင်မှုတေွ၊ ချစ်ရသူအကြောင်းတေွးမိတိုင်း တခြားအရာတစ်ခုကို အသည်းအသန်​ အာရံုပြန်လွှဲရတာတေွ၊ အိပ်ချိန်စားချိန်မမှန်တော့တာတေွ၊ အထီးကျန်နေတဲ့အချိန်တေွမှာ ဆေးလိပ်မီးခိုးငေွ ့တေွကို​ အဖော်ပြုနေခဲ့ရတာတေွ... ဒါတေွသူတို့ ဘာမှမသိကြဘူး။ သူတို့သိတာ မျက်နှာဖံုးထက်က အပြုံးတေွ၊ပေျာ်ရွှင်မှုတေွ... အင်း... မျက်နှာဖံုးထက်က​ အပြုံးတေွ၊ပေျာ်ရွှင်မှုတေွကိုပေါ့။

"မင်းတို့သိပ်ကို တကိုယ်ကောင်းဆန်တယ်။"​

ကုတင်ဘေးရှိထိုင်ခံုထက်ပြန်လည်ထိုင်ရင်း စိတ်ပျက်စွာပြောလိုက်သည်။ အေးဆေးစွာအိပ်စက်နေသည့် ကလေးငယ်၏မျက်နှာလေးဟာ ပကတိဖြူစင်လျက်။ ထိုမျက်နှာလေးအားမြင်တိုင်း 'ငါ့ကြောင့်'​ပါလားဆိုတဲ့ အသိက အမြဲအတေွးထဲ တဝဲဝဲလည်သည်။

"တောင်းပန်ပါတယ် ကလေးငယ်... Hyungကြောင့်"

ခွပ်!

"ခေွးကများလူပြန်ဟစ်လို့..."

အငိုက်မိသွားတာကြောင့် ကြမ်းပြင်ပေါ်ဘိုင်းခနဲလဲကျသွားရသည်။ နာသွားသောနှုတ်ခမ်းထောင့်အား လက်မဖြင့်ဖိပွတ်မိတော့ သေွးစအချို့ကပ်ငြိလာသည်။ ကြမ်းပြင်ထက်ကနေကျွန်တော်​ ပြန်မထမိဘူး။ ထိုသေွးစတေွကိုကြည့်ကာ လွန်ခဲ့တဲ့တစ်ပတ်ကဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တေွကို ပြန်မြင်ယောင်လာမိသည်။ ထို့အတူ အသက်ရှူပါကြပ်လာရ၏။

Second Person (Season_1)​(Completed)​Where stories live. Discover now