Chapter 393 Retreat In Defeat

Start from the beginning
                                    

သူ့အနောက်မှ Yu Xianမြို့တော်မှ လူများကလည်း အလောင်းကောင်များကို ကြည့်နေသလို ရေခဲရိုက်အကြည့်မျိုး တွေ ပစ်လွှတ်နေသည်။ ထိုအကြည့်နှင့်တင် အနှောင့်အယှက်ပြုဖို့အတွက် အဆင်သင့်နေကာ အချိန်မရွေး တိုက်ခိုက်တော့မလို ဖြစ်နေသည်။

“ခင်ဗျားတို့ နှစ်ယောက်က Yu Xianမြို့တော်ကို အထင်သေးလွန်းနေပြီ။ ခင်ဗျားတို့ကများ ကျုပ်အရှေ့မှာ ကျုပ်ရဲ့လူကို တိုက်ရဲတယ်ပေါ့။ ဒီနေ့မှ ဖြေရှင်းချက် မရရင် ခင်ဗျားတို့ နှစ်ယောက်က Yu Xianမြို့တော်ကို စိန်ခေါ်ချင်တယ်ပဲ ကျုပ်က မှတ်ယူလိက်တော့မယ် ” 

Hu Yin က မတ်မတ်ရပ်နေကာ သူ့ကိုယ်ထဲမှ အင်အားကြီးမားသော အရှိန်အ၀ါက ချက်ချင်းဆိုသလို ထွက်ပေါ်လာကာ အဲဒိနောက်မှ ပြင်းထန်သော ဖိအားက မုန်တိုင်းတစ်ခုအလား သူတို့ထံသို့ ရွေ့လျားသွားသည်။ လူချောလေးက မျက်လုံးဝင့်ကြည့်ကာ သူတို့ကို ပျင်းရိပျင်းတွဲ စိုက်ကြည့်လိုက်သည်။ Hu Yin ၏ အရှိန်အ၀ါကမှာ အချိန်ကိုက်ပင် မမြင်ရသော နံရံတစ်ခု ဖြင့် တားဆီးခံလိုက်ရသည့်အလား အနားသို့တောင် မကပ်နိုင် ဖြစ်သွားသည်။

တစ်ခဏအကြာတွင် Hu Yin မှ ရည်ရွယ်ချက် ရှိရှိ ပစ်လွှတ်လိုက်သော အရှိန်အ၀ါမှာ သူ့ဆီသို့ တန်ပြန်ရိုက်ခတ် သွားသည်။ သူက လက်မသာသည့်အပြင် သူ့မျက်နှာမှာ လည်း ဖျော့တော့သွားသည်။ ယခုလက်ရှိ သူ့ပုံမှာ လူချောလေးကို အရင်က သူငေးကြည့်နေသလိုမျိုး မာနထောင်လွှားကာ မချေမငံပုံစံတွေ လုံးဝမရှိတော့ပေ။ 

အရှိန်အ၀ါတစ်ခုတည်း ယှဉ်ပြိုင်ခြင်းတောင် သူက လုံးဝ နင်းပြားပင်။ သူက ထိုချောမောသော သူကို လုံးဝ ရှုံးနိမ့်သွားသည်ဟုတောင် ပြောနိုင်သည်။ Hu Yinက အင်ပါယာအဆင့် ကြယ်သုံးပွင့် အင်အားရှိသူ ဖြစ်ရာ သူ့ကို အရှိန်အ၀ါ တစ်ခုတည်း သုံးပြီးတောင် အနိုင်တိုက်နိုင်သူမှာ အင်ပါယာအဆင့် ကြယ်ခုနစ်ပွင့် သို့မဟုတ် နတ်ဘုရားအဆင့် တန်ခိုးရှိသူ ဖြစ်မှ ရမည်။ သူက ဘယ်တစ်ခုခုပဲ ဖြစ်နေပါစေ ဒီလူချောလေးက အင်အားအရာတွင် သူ့ထက် များစွာ သာလွန်သည်။

နဘေးနားမှ Cheng DongQing မျက်နှာပေါ်က အပြုံးက ပျောက်ကွယ်သွားပြီး အဲဒိနေရာတွင် သုန်မှုန်သော အကြည့်တွေက အစားထိုး ၀င်ရောက်လာသည်။ သူက လူချောလေးကို စိတ်ရှုပ်ထွေးပြီး ထိတ်လန့်သော အကြည့်နှင့် ကြည့်လိုက်သည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now