Chapter 390 Departure

Start from the beginning
                                    

You XiaoMo က DuanMuမျိုးနွယ်က သူတို့ကို ပေးထားသော ဖိတ်စာကို ချက်ချင်းထုတ်ကာ အစောင့်များကို လှမ်းပေးပြီးတော့ “ဒီက အစ်ကိုကြီး ဒီမှာ ငါတို့ဖိတ်စာ စစ်ကြည့်ပါဦး”

အစောင့်က ဖိတ်စာကို ကြည့်ပြီးတော့သူတို့ကို အံသြပြီး စိုက်ကြည့်ကာ “လိုက်ခဲ့ပါ”

စံအိမ်ကို ဖြတ်လျှောက်လာတော့ You XiaoMo က ဥယျာဉ်အတွင်းတွင် အချိန်ကြာမြင့်စွာ တည်ရှိနေပုံ ရသော ဆယ်မီတာ ရှည်လျားကာ ဆယ်မီတာ ကျယ်ပြန့်သော ကျောက်တုံးစင်မြင့်ကြီးကို မြင်လိုက်သည်။ ကျောက်သား စင်မြင့်ပေါ်တွင် သွေးကြောပုံသဏ္ဍာန်များစွာ ကို ထူတပ်စွာ ထွင်းထုထားသည်။ အဲဒိအပေါ်က ကွက်လပ်ကြီးမှာတော့ အရေးအကြောင်း အနည်းငယ် ရှိကာ တွင်းနက်ထဲကို လည်ပတ် ၀င်ရောက်သွားသည်။ အကျွမ်းတ၀င် ရှိလှသော စွမ်းအင်အနည်းငယ်ကလည်း တွင်းနက်ထဲက ယိုထွက်နေသည်။ 

ဒါက နယ်မြေသယ်ယူပို့ဆောင်ရေး ဆိပ်ကမ်းပဲ ဖြစ်သည်။ XiaEr မျိုးနွယ်မှ အင်အားကြီးလူများမှာလည်း အဲဒိဟာကြီးကို ၀န်းရံထားသည်။ အစောင့်များက တင်းကြပ်လှရာ ယင်ကောင် တစ်ကောင်တောင် ဖြတ်မပျံနိုင်လောက်ပေ။

သိပ်မကြာပဲ စံအိမ်က တာဝန်ရှိသူနှင့် သူတို့ ဆုံရသည်။

တစ်ခေါင်းလုံး ဖွေးဖွေးဖြူနေသော အဖိုးကြီးက သူတို့ကို မြင်တော့ သူ့ရဲ့မျက်လုံးရွှဲရွှဲကြီးတွေက သူတို့ကို အကဲခတ်နေစဉ်မှာပင် တဖျတ်ဖျတ်တောက်ပနေသည်။

“ဒီက နှစ်ယောက်က DuanMu မျိုးနွယ်က ပြောထားတဲ့ သူတွေလား၊ ဒီအဖိုးကြီး ကြားမိတာတော့ သုံးယောက်ရှိတယ် ပြောမိသလားလို့။ ဘာလို့ အခု နှစ်ယောက်ပဲ လာတာလဲ ။ နောက်တစ်ယောက်ကော”

Ling Xiao က အေးအေးတည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေသည် “သူက ထွက်သွားပြီ။ ကျုပ်တို့က သူနဲ့ မရင်းနှီးပါဘူး”

အဖိုးကြီး သူ့ကိုယ်သူ အနည်းငယ် တီးတိုးပြောပြီးနောက် “ကိစ္စမရှိပါဘူးလေ။ DuanMu မျိုးနွယ်က တောင်းဆိုထားလို့ XiaEr မျိုးနွယ်က ဒီက နှစ်ယောက်အတွက် နယ်မြေသယ်ယူပို့ဆောင်ရေး ဆိပ်ကမ်းကို ဖွင့်ပေးမှာပါ ဒါပေမယ့် အခကြေးငွေကတော့ ကိုယ့်အိတ်ထဲက ကိုယ်ပေးရမှာနော်။ ဒီလောက် စိတ်ဝိဥာဏ်ကျောက်တုံးလောက် မရှိဘူးတော့ မထင်မိပါဘူးလေ” အဖိုးကြီးက တည့်သာ ပြောသည်။ သူက သူတို့တွေ လေလံပွဲမှာ ဘာလုပ်ထားသလဲ ကြားထားတာ ထင်ရှားလှသည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now