Part (25)

9.4K 234 2
                                    

ခွင့်မရှိ

🌸pann

Part (25)

" မင်း ဘယ်သွားနေတာလဲ.. "

" spa သွားနေတာပါ "

" ဘာ "

" အမလေး.. "

ကိုရှင်လေးက အော်လိုက်တာမို့ ယဉ်အေးမှာ လန့်တောင်လန့်သွားရသည်..

" လာစမ်းပါဦး.. မင်း လာဦး "

ယဉ်အေးနားထိ လျှောက်လာပြီး ယဉ်အေးလက်ကို ဆုပ်ကိုင်ကာ ဆွဲခေါ်နေတဲ့ ကိုရှင်လေးကြောင့် ယဉ်အေးမှာ ဘာမှမပြောနိုင်သေးဘဲ လိုက်သွားရသည်..

ဘာတွေများ ဖြစ်နေလို့ပါလိမ့်.. ။

" မင်း ဒီမှာ ထိုင်ပါဦး.. "

ခုံမှာဝင်ထိုင်ခိုင်းတော့လည်း ယဉ်အေးမှာ အကြောင်းရင်းမသိသေးဘဲ ဝင်ထိုင်ရသည်.. ယဉ်အေးဝင်ထိုင်တော့ ဘေးမှာ ကိုရှင်လေးကလည်း ဝင်ထိုင်ပြီး ယဉ်အေးဘက်လှည့်ထိုင်ထားသည်..

" မင်း ဘယ်သွားတာ.. ငါ့ကိုပြန်ပြောစမ်းပါဦး "

" spa ကိုလေ.. ဘာဖြစ်လို့လဲ "

အောင်မာ ကြည့်စမ်း.. ဘာဖြစ်လို့လဲတဲ့ ရှင်လေးကို ပြန်မေးနေသေးတယ် ။

မဗိုက်က အရင်ကပါးကြားကွက် ပြူ းတိပြူ းကြားကြီး လိမ်းပြီးတော့ အခုကလေးလွယ်ထားရတော့မှ spa သွားတာပါတဲ့.. ဇောက်ထိုးမိုးပြန် လုပ်နေတာ မဟုတ်ဘူး လား

မသိသလို ပြန်မေးနေတဲ့ပုံကို ရှင်လေးမှာ တစ်ခုခုလုပ်လိုက်ပစ်ချင်တဲ့ စိတ်က တယားယားဖြစ်နေရပြီ.. ။

" မင်းကိုယ်မင်း မေ့နေသလား ယဉ်အေး..ဟမ် "

" ယဉ်အေးက ဘာမေ့ရမှာလဲ.. "

" ယဉ်အေး "

ရှင်လေး အော်လိုက်ရသည်.. ။

မသိသလို ခြောက်ပြစ်ကင်း သဲလည်းစင် လုပ်ပြီး ပြန်မေးနေတဲ့ ယဉ်အေးကြောင့် ဒီကကောင် ရှင်လေးမှာ မယိုးမယွဖြစ်နေရတာ..

ကိုရှင်လေး က ဘာဖြစ်နေမှန်းမသိဘူး.. အငြိမ်ကို မနေနိုင်ဘဲ ဖင်တကြွကြွနဲ့ ယဉ်အေးကို စကားတွေပြောနေတာက တစ်ခုခုနဲ့တူနေသလိုလို.. ။

ခွင့်မရှိ (Unicode)Där berättelser lever. Upptäck nu