Part (19)

7.1K 231 1
                                    

ခွင့်မရှိ

🌸pann

Part (19)

" ယဉ်အေး "

" ဟင်.. "

" မင်းလိုက်ခဲ့ပါလား.. "

" ယဉ်အေး မလိုက်နေတော့ပါဘူး ကိုရှင်လေး..ကိုရှင်လေးတို့ပဲ သွားလိုက်ပါ  "

" မင်းလည်း အပြင်မရောက်သေးဘူးမဟုတ်လား..တစ်ခါထဲ အပြင်လေးလည်း ထွက်ရင်း စိတ်အပန်းဖြေပါလား "

" ယဉ်အေး မလိုက်ချင်သေးလို့ပါ.. "

" မလေး လိုက်ခဲ့တာ မဟုတ်ဘူး.. ယုယုလည်း ပါမှာပဲကို "

" ယဉ်အေး အပြင်မလိုက်နေချင်ပါဘူး.. ခဏလေးပဲ သွားကြမှာမလား သွားပါ "

" အင် မင်းမလိုက်ချင်လည်း နေတော့လေ.. ငါတို့ သွားလိုက်ဦးမယ် "

" အွန်း.. "

ကိုရှင်လေးတို့သုံးယောက် ထွက်သွားသည်..။

ယဉ်အေး ကို နေရာပေးနေတာ သိပါတယ်.. ဒါပေမယ့် မဖြစ်မနေ လုပ်ရမယ် လုပ်သင့်တယ်လို့ မတွေးဘဲနဲ့ အလိုက်ထိုက်လျောက်လေးပဲ နေစေချင်တာပါလေ.. ။

ကိုရှင်လေးတို့ ထွက်သွားသည်နှင့် ယဉ်အေး လုပ်စရာရှိတာ လုပ်နေလိုက်သည်.. အခန်းထဲလည်း မှောင်နေတာမို့ အလင်းတွေရအောင် ဖွင့်လှစ်ထားလိုက်တယ်..

မဟုတ်ရင် အနံ့တွေက အောက်သိုးသိုးကြီး ဖြစ်နေတတ်တာ.. ။

ယဉ်အေးရဲ့အိပ်ယာပြန် သေချာဖြန့်ဖြူ းဆွဲဆန့်နေတုန်း မွေ့ယာအောက်မှာ အပန်းရောင် စာရွက်လေးတွေ ထွက်နေတာ..

ယဉ်အေး စာရွက်ကို ထုတ်ယူကာ ကိုင်ကြည့်နေမိသည်.. ဒီစာရွက်ကို ကိုရှင်လေး တွေ့ထားသည်လား မတွေ့ထားဘူးလား ဆိုတာ အခုချိန်မှာ အရေးမကြီးတော့..စိတ်လည်း မဝင်စား ။

ဒီစာရွက်ကို အကြောင်းပြပြီးလည်း ယဉ်အေး ကိုရှင်လေးကို မသရော်ချင်.. မခဲ့နဲ့ချင် ရန်မဖြစ်ချင်

ဒီစာရွက်ကြောင့် ပြန်ပြီးဆွေးနွေးညှိနှိုင်းယူထားတဲ့ ယဉ်အေးတို့ဆက်ဆံရေးကို အက်ကြောင်းမထင်စေချင်.. စာရွက်တစ်ရွက်ကြောင့် ရန်ဖြစ်ပြောဆိုရအောင်လည်း ပြဿ      နာက ကြီးကြီးမားမား မှ မဟုတ်တာ.. ဒီထက်ကြီးမားတဲ့ အရာတစ်ခုကိုတောင် ယဉ်အေး နားလည်သမှုလုပ်ပေးထားရင် ဒီလောက်လေးလောက်ကတော့ ဖွဲလောက်သာ.. ။

ခွင့်မရှိ (Unicode)Where stories live. Discover now