Part (18)

7.1K 247 3
                                    

ခွင့်မရှိ

🌸pann

Part (18)

" မင်း ဘာမှပြောစရာမရှိဘူးလား.. "

" ယဉ်အေး ဘာပြောစရာရှိရဦးမှာလဲ ကိုရှင်လေး.. ကိုရှင်လေး လောက ကိုရှင်လေး အသိုင်းဝိုင်းမှာ ချောမောလှပတဲ့ မိန်းမချော မိန်းမလှတွေ အများကြီးပါ.. ဒီလို အချောမောတွေ ဝန်းရံနေတာကို ယောကျာ်းဖြစ်တဲ့သူတိုင်း ရင်ခုန်လှုပ်ရှား သဘောကျကြတာ သဘာဝပါ.. ကိုရှင်လေးလည်း ယောကျာ်းသားပဲ "

ဟမ်.. ။

ရှင်လေး ပြောစရာစကားတွေတောင် တန့်သွားသလိုပင်.. ယဉ်အေးပြောတဲ့ စကားအဓိပ္ပါယ်တွေက ဘာကိုရည်ညွှန်းချင်တာလဲ

အပြစ်တစ်ခုလို့ မတွေးဘဲ နားလည်ခွင့်လွှတ်တဲ့ သဘောလား.. ဒါမှမဟုတ် ရှင်လေးရဲ့ တန်ဖိုး ကို ပြောလိုက်တာလား ။

ရှင်လေးက သူများတွေနဲ့ မတူတဲ့လူပါ.. ရှင်လေးဆိုတာ ရှင်လေးအဖြစ်နဲ့သာ တသီးတသန့်ရပ်တည်နေတာပါ.. ဒါပေမယ့် အခုချိန်မှာ ရှင်လေးဆိုတဲ့ ယောကျာ်းလေးတစ်ယောက်က လူတိုင်းနဲ့တန်းတူ အနေထား ဖြစ်သွားတာ လို့တောင် ခံစားမိတာ..

ယဉ်အေးက ရှင်လေးကို နိုင်ငံကျော် အဆိုတော် တစ်ယောက် လို့ သတ်မှတ်ထားတာမျိုး မရှိ.. စံပြပုဂ္ဂိုလ် တစ်ယောက်အဖြစ်လို့လည်း မထားပြန်.. အိမ်ထောင်ဦးစီးတစ်ယောက်လို့လည်း ခေါင်းစဉ်အောက်မှာ ပျောက်နေတယ် ။

ယဉ်အေး ပြောလိုက်တဲ့စကားတစ်ခွန်းက ရှင်လေးဆိုတာ ဘာဂုဏ်ထူးဒြပ်ထူးမှ မပါတဲ့ ရိုးရိုးသာမန် ယောကျာ်း တစ်ယောက်သာ..

အဲ့ခံစားချက်က ခံစားရတာတော့ မကောင်း.. အောင့်သက်သက်ကြီး ။

" မင်း ဘာပြောချင်တာလဲ.. "

" ယောကျာ်းတိုင်း ချောတဲ့လှတဲ့ မိန်းကလေးကို ကြိုက်ကြ ချစ်ကြတာ ယဉ်အေးသိပါတယ်.. "

" မင်းက နားလည်တာကို ပြောတာလား ဘာကိုပြောနေတာလဲ.. "

" ယဉ်အေး နားလည်တဲ့အရာကို ပြောတာပါ ကိုရှင်လေး.. ချောတယ် လှတယ် ဆိုတဲ့ မိန်းကလေး တွေကိုပဲ မြင်တတ်ကြတယ် တခြားမိန်းကလေးတွေကျ မမြင်ချင်ယောင် ဆောင်ထားတတ်ကြတယ်.. ဥပမာ ရှင်နေလျက်နဲ့ သေနေတဲ့လူတစ်ယောက်လိုပေါ့ "

ခွင့်မရှိ (Unicode)Where stories live. Discover now