Part (7)

6.1K 225 3
                                    

ခွင့်မရှိ

🌸pann

Part (7)

လိုအပ်တာ သွားဝယ်မယ် အဆင်သင့်ပြင်ထားပါတဲ့.. ယဉ်အေးက ဘာကိုအဆင်သင့်ပြင်ထားရမှန်း မသိ ဒီအတိုင်း သွားလို့ရော မရဘူးတဲ့လား ။

ယဉ်အေး ဘာမှမပြင်ဆင်နေဘဲ လှေကားရင်းအခြေနားမှာ ထိုင်ချနေလိုက်တယ်.. ကိုရှင်လေးကတော့ အပေါ်တက်သွားတော့ သူပြန်ဆင်းလာမယ့်အချိန် ယဉ်အေး ထိုင်စောင့်နေလိုက်တယ်

အယ်.. ကိုရှင်လေးကလည်း ပြန်တက်သွားတာက ဘာလုပ်ဖို့လဲ မသိ လိုအပ်လောက်မယ့် စာရင်းတွေ မှတ်နေတာထင်တယ် ။

တော်တော်နဲ့ ကိုရှင်လေး ပြန်မဆင်းလာ.. ယဉ်အေးမှာ အပေါ်တက်ပြီးမေးရမလို နေရာမှာပဲ ဆက်ထိုင်နေရမလိုနဲ့ ကသိကအောက် ဖြစ်ရသည်..

" မင်းပြီးပြီလား ယဉ်အေး.. "

အင်္ကျီကို သေချာနေရာပြန်ချရင်း လှေကားမှဆင်းလာကာ လှမ်းမေးမိသည်.. ။

ယဉ်အေးက ဘာလုပ်လို့ဘာပြီးရမှာလဲ.. ဒါပေမယ့် ဘာမှလုပ်စရာမှ မရှိတာ ပြီးတာနဲ့အတူတူပါပဲ

" ဟုတ်ကဲ့.. "

ကိုယ့်ကိုယ်ကို ကျေနပ်အားရမှ ယဉ်အေးကို ကြည့်တော့ ဒုံရင်းကဒုံရင်း အတိုင်းပဲ..

" ဒီပုံစံနဲ့လား.. "

ရင်ဖုံးအင်္ကျီကိုမှ လက်မောင်းရင်းလောက်သာ ဖုံးတဲ့ ခါးတိုအင်္ကျီ အရောင်နွမ်းနွမ်းနဲ့ အရောင်မတောက်တဲ့ ထဘီနဲ့.. ဘာမှမလဲ မပြင်တော့ လက်ညိုးထိုးကာ မေးရသည် ။

" ဟုတ်ကဲ့ "

ယဉ်အေး ဒီပုံစံက ဘာဖြစ်နေမှန်းမသိပေမယ့် သူက မေးတော့လည်း ဖြေရတာပေါ့..

" အဝတ်သစ် သွားလဲလိုက်ပါလား.. "

" နှမြောစရာကြီး မဝတ်နေပါဘူး "

တကယ်ကို ပေကပ်ကပ်နဲ့ ပြောမရတော့ ဆက်ပြောမနေဘူး.. ။

" ပြီးရောလေ သွားမယ်.. "

ပုံတုံးတဲ့ ယဉ်အေးကိုခေါ်ပြီး ရှင်လေးတို့ အိမ်ကနေထွက်လာခဲ့သည်..

" မင်း အနောက်မှာ ထိုင်.. "

ကားရှေ့တံခါးကို လက်လှမ်းနေလို့ ရှင်လေး လှမ်းပြောရသည်..

ခွင့်မရှိ (Unicode)Where stories live. Discover now