Part (27)

8.4K 239 0
                                    

ခွင့်မရှိ

🌸pann

Part (27)

" ယဉ်အေးရေ.. အိမ်ရှေ့မှာ စျေးဝယ်သူ ရောက်နေတယ် သွားကြည့်လိုက်ဦး ညည်းအမေက ဟိုဘက်ခဏထွက်သွားတယ် "

" ဟုတ်ကဲ့ အဘ.. "

ဟော ကြားတယ် ကြားတယ် ။

ရှင်လေး.. အိမ်သာတောင် ဖြောင့်ဖြောင့်မတက်နိုင် အိမ်ဘက်ကအသံကြားနေရပြီလေ ။

ကျစ်.. ယဉ်အေးဆီ မပြေးသေးခင် ဒီမှာ ကိုယ့်ကိစ္စ အရင်ဖြတ်နေရသေးတယ် တန်းမပြေးသွားနိုင်သေး ။

ယဉ်အေး အခုဆို လှုပ်လှုပ် လှုပ်လှုပ်နဲ့ အိမ်ကနေ အရှေ့က စျေးဆိုင်သေးလေးကို သွားနေလောက်ပြီ..

ဒီအဘနဲ့လည်း ခက်တယ်.. တစ်ဆိတ်ရှိ ယဉ်အေးရေ တစ်ဆိတ်ရှိ ယဉ်အေးရေနဲ့ အော်ခေါ်ပြီးတစ်ခုမဟုတ် တစ်လုပ်မဟုတ် ခိုင်းသလားမမေးနဲ့.. ။

ယဉ်အေးမှာ ကိုယ်ဝန်ကြီးနဲ့ဆိုတာလည်း သတိရော ရရဲ့လားမသိ.. ။

ရှင်လေး ကိစ္စဖြတ် အပြီးသတ်ပြီးတာနဲ့ အမြန်ပြေးဆင်းရသည်..

" ဟာ အရေးထဲ.. ကျစ် "

လက်မဆေးရသေးတာနဲ့ နှိပ်ရေတွင်းနားကို ပြန်ပြေးပြီး လက်ပြန်ဆေးရသေးတယ်.. ။

လက်ကိုတောင် ရေစင်အောင်မသုတ်နိုင်ဘဲ ယဉ်အေးဆီပြေးရသည်.. ထင်တဲ့အတိုင်း ဆိုင်သေးထဲကို ရောက်နေပြီ

" မယဉ်အေး ကလေးရမှ လှလို့ပလို့.. "

" မြှောက်နေပြန်ပြီ "

" ဟာ တကယ်ပြောတာဗျ.. ဒီလောက်လှတဲ့ အမကို အရင်က မမြင်တာ နာတယ်ဗျာ "

" ခ်ခ်.. အခုမှ နာလည်းမထူးတော့ဘူးနော် ယဉ်အေးက ကလေးနဲ့ယောကျာ်း ဖြစ်နေပြီ "

ဟိုက်.. ဘာတွေကြားနေရတာလဲ ။

ရှင်လေး စိတ်ထဲ ဒေါသထွက်ကာ ခပ်တည်တည်နဲ့ ဆိုင်ခန်းဝင်ချလိုက်သည်.. တွေ့ပါပြီ မျက်နှာက ပြုံးရွှင်နေတာ စျေးရောင်းရလို့ နေမှာပေါ့ ။

" အမ ဒီမှာ တစ်ထောင်.. "

" အော် အေး.. ကျေးဇူး "

" ဟုတ်ကဲ့ဗျ "

ဒီကကောင် ဘာမှမဟခင် ဟိုခွေးသူခိုးလေးက ထွက်သွားပြီ.. ။

ခွင့်မရှိ (Unicode)Where stories live. Discover now