Part (14)

6K 228 2
                                    

ခွင့်မရှိ

🌸pann

Part (14)

" မမလေး.. "

" ဟွန် "

" ဇာတ်ကားကလည်း တစ်ခုမှမကောင်းဘူး.. ပျင်းစရာကြီး မမလေးရော မပျင်းဘူးလား "

" အဟွန်း.. ဒီလိုပဲ ကြည့်နေတာပဲ "

" မမလေး မေးလိုက်ရင် ဘူး ဆိုတာကို မလာဘူး.. နည်းနည်းပါးပါး ဖော်လိုလေး လိုက်ပေးဦးပေါ့ "

" အဟင်း.. "

ယဉ်အေးလည်း အခုခေတ်သုံးစကား နည်းနည်းတော့ နားလည်လာပါတယ်.. ။

" မမလေး.. တစ်ခုခု လုပ်ရအောင် "

" ဘာလုပ်ချင်လဲ ဟင်းချက်မလား.. "

" ဟော ကြည့်.. စောနလေးတင်ကမှ နေ့လည်စာ စားထားတာ ဗိုက်ထဲမှာတောင် အစာမချေဖျက်သေးဘူး နောက်ထပ်တစ်နပ်စာ တန်းချက်ချင်သေးပါဘူး.. "

" ဒါဖြင့် ဘာလုပ်မလို့လဲ.. ယဉ်အေးက ဘာမှလုပ်တတ်တာ မရှိဘူးရယ် "

" ဘာမှကိုမပြောရသေးဘူး.. ငြင်းဖို့လမ်းက များလာတယ် "

မျက်နှာလေးမဲ့ကျသွားတဲ့ ပြုံးပြုံးကိုကြည့်ပြီး သဘောကျမိရပြန်သည်.. ။

" ဘာလုပ်ချင်လဲ ပြောကြည့်လေ.. ယဉ်အေး တတ်နိုင်သလောက် ကူညီမှာပါ "

" ပြုံးပြုံးလည်း အဲ့ဒါပဲ စဉ်းစားနေတာ.. ဘာလုပ်ရင် ကောင်းမလဲလို့ ဒီအတိုင်း တော့မထိုင်ချင်ပါဘူး "

လက်ညိုးထောက်ပြီး စဉ်းစားခန်းဝင်နေတဲ့ ပြုံးပြုံးကိုကြည့်ရင်း ယဉ်အေးခေါင်းတဆတ်ဆတ် ငြိမ့်ပြမိသည်.. ။

" စဉ်းစားပါ အေးဆေးစဉ်းစား.. "

" စဉ်းစားရပြီ မမလေး.. "

" အင် ပြောပါဦး ဘာလုပ်ချင်လဲ.. "

" ဟိုလေ မမလေး ဆံပင်ကို ကိုင်လို့ရလား.. "

" အင် ရော့ ကိုင်လေ.. "

ယဉ်အေး ခေါင်းလေးဆောင်းပေးကာ တစ်ချောင်းထဲကျစ်ပြီး ချထားတဲ့ ကျစ်ဆံမြှီးကို ပေးကိုင်ခိုင်းလိုက်သည်.. ။

" ဟာ အဲ့လိုမဟုတ်ဘူးလေ မမလေးရဲ့.. ပြုံးပြုံးပြောတာက မမလေးဆံပင်ကို ပုံစံအမျိုးမျိုးလုပ်ကြည့်မလို့ အာ့ခွင့်ပြုပေးပါလား ပြောတာ.. "

ခွင့်မရှိ (Unicode)Dove le storie prendono vita. Scoprilo ora