Part (2)

8.2K 283 3
                                    

ခွင့်မရှိ

🌸pann

Part (2)

" ကိုလေး လိုက်ခဲ့ရဦးမလား.. "

" နေပါစေ.. ငါခဏပဲ မျက်နှာပြပြီး ပြန်လာမှာ "

" ဟုတ်ကဲ့ "

ကျွန်တော် ဝေလင်းကို ကားမှာပဲ ထားခဲ့ပြီး တစ်ယောက် ထဲပဲ ဆိုင်ထဲဝင်ခဲ့လိုက်သည်.. ။

ဒီနေ့ ဒီဆိုင်မှာ စားသောက်ကြမယ်လို့ ချိန်းထားတာကြောင့် လာရတာပါ..

" ကိုဘုန်း.. "

ဆိုင်ထဲ ဝင်ဖို့တံခါးလက်လှမ်းနေစဉ် နောက်နားက ခေါ်သံကြားလို့ လှည့်ကြည့်တော့ မော်ဒယ် နေခြည်လင်း.. ။

ကိုယ့်ကို ခေါ်လိုက်တာမို့ မစောင့်ဘဲ တစ်ယောက်ထဲ ဝင်သွားတာ မကောင်းတာနဲ့ ရပ်စောင့်နေရသည်..

" နေခြည် တစ်ယောက်ထဲ ဖြစ်နေလို့.. "

" ..... "

ဘာမှပြန်ပြောမနေပေမယ့် ခေါင်းတော့ညိမ့်ပြလိုက်တယ်.. လူမှုရေးအရ ။

နှစ်ယောက်အတူ ဆိုင်ထဲဝင်လိုက်တယ်..

ပြီး ဆိုင်ရဲ့ထောင့်ကျတဲ့ VIP အခန်း ယူကာ ကျန်တဲ့သူတွေကို ထိုင်စောင့်နေလိုက်တယ်.. ။

" ကိုဘုန်း ဘာစားမလဲ.. "

" မစားသေးဘူး.. ကျန်တဲ့သူတွေကို ထိုင်စောင့်လိုက်ဦးမယ် "

" အ ဟွန်း.. "

ဒီအဓိပ္ပာယ်ပါနေတဲ့ ခပ်မဲ့မဲ့အပြုံးလေးတော့ ရှင်လေးမတွေ့လိုက်.. ။

" နေခြည်ကတော့ ဗိုက်ဆာနေပြီ.. ဒီကိုလာရမှာဆိုပြီး ဘာမှမစားလာခဲ့ရဘူး "

" မှာနှင့်လေ.. "

" အချိုရည် ပဲသောက်နှင့်တော့မယ်.. အအေးတစ်ဗူး အရင်ပေးနော် "

" ဟုတ်ကဲ့.. "

ဆိုင်ဝန်ထမ်း ကောင်လေးက ခေါင်းလေးညိမ့်ပြီး အသာ ထွက်သွားသည်

ခဏအကြာ အအေးလာပို့ပေးပြီး ပြန်ထွက်သွားပြန်ပြီ.. ။

ကျစ်.. ။

စိတ်မရှည်.. ချိန်းထားတာထက် အချိန်ကကျော်နေပြီ ဒါကိုတစ်ယောက်မှမရောက်လာသေး..

ခွင့်မရှိ (Unicode)Nơi câu chuyện tồn tại. Hãy khám phá bây giờ