Part (1)

29.3K 465 4
                                    

ခွင့်မရှိ

🌸pann

Part (1)

" ကိုထက်ဘုန်းပြည့်ရှင် မင်္ဂလာပါရှင့်.. "

" ဟုတ်ကဲ့ မင်္ဂလာပါ "

" ဒီမင်္ဂလာပွဲမှာ သတို့သားအရံ အနေနဲ့တွေ့ရတယ်နော်.. "

" အော်.. ဟုတ် "

" ကိုယ်တိုင်ရော ဝင်သတို့သား မလုပ်ချင်သေးဘူးလားဟင်.. "

" အာ အဟွန်း.. ကျွန်တော်က ဖြစ်ချင်နေပေမယ့် သတို့သမီး မရှိတာက ခက်နေတယ် "

" သတို့သမီး မရှိတာတော့ မဖြစ်နိုင်ဘူးထင်တယ်.. ကိုဘုန်းထက်ပြည့်ရှင် လိုသတို့သားရဲ့ သတို့သမီး က အရမ်းပေါနေတာကို "

" ဟား..အဟက် အမက နောက်တယ်နော် "

" တကယ်ပြောနေတာပါ.. "

" အဟွန်း.. "

" အိမ်ထောင်ရေး က မီးစိမ်းမပြသေးဘူးဆိုတော့ အချစ်ရေးရော ဘယ်အခြေနေရှိနေလဲဟင်.. ဒါကတော့ ကိုဘုန်းထက်ပြည့်ရှင်ရဲ့ ပရိတ်သတ် တွေ တော်တော် များများ သိချင်ကြတာပါ ဖြေပေးပါဦးနော်.. "

" အချစ်ရေးကလည်း မီးနီ မိနေသေးတာပါဗျ.. "

" အဟွန်း မီးနီ ကနေ မီးစိမ်း မြန်မြန် ပြောင်းပါစေလို့ ဆုတောင်းပေးပါတယ် နော်.. "

" ဟုတ်ကဲ့.. ကျေးဇူးပါ "

မီဒီယာသမားတွေ မေးမြန်းတာဖြေပြီး ပွဲမှာခဏနေကာ သတို့သား သတို့သမီးကို နှုတ်ဆက်လိုက်သည်..

ပွဲမှာကြာကြာမနေချင်.. စိတ်တော်တော်အိုက်နေရတာမို့ ။

" ကိုလေး ရေသောက်မလား.. "

" အေး "

ကားပေါ်ရောက်တာနဲ့ ကျွန်တော့်မန်နေဂျာ ဝေလင်း က အလိုက်တသိနဲ့မေးကာ ရေဘူးလှမ်းပေးတော့ ကျွန်တော်ယူပြီး ရေအဝသောက်လိုက်သည်..

ပြီး တော်တော်ပူအိုက်နေပြီမို့ အပေါ်ရုံ တိုက်ပုံအင်္ကျီကိုချွတ်လိုက်ရသည်.. ။

" ကိုလေး.. ယုယုကို ပေး "

" အင်.. "

တိုက်ပုံကို ကျွန်တော့်ရဲ့စတိုင်လစ် ယုယုမွန်ကို ပေးပြီးတာနဲ့ စတစ်ကော်လံ ရှပ်အင်္ကျီ အဖြူ က ထိပ်ဆုံး စိန်ပွင့်ကြယ်သီးကို ဖြုတ်လိုက်သည်..

ခွင့်မရှိ (Unicode)Where stories live. Discover now