Part (4)

6.6K 232 2
                                    

ခွင့်မရှိ

🌸pann

Part (4)

ရှင်လေးက မနေ့တနေ့ကမှ တက်လာတဲ့ အဆိုတော် တစ်ယောက်မဟုတ်.. အသက်ဆယ့်ရှစ်နှစ်ကတည်းက အဆိုတော် ဖြစ်ခဲ့တာ

အခုဆို အနုပညာ သက်တမ်းဆယ်နှစ်တောင်ရှိပြီ.. ဒီနှစ်လောက်နဲ့ဆို ရှင်လေးကို သိတာထက်ကို ပိုသင့်လောက်ပြီ မဟုတ်လား ။

ဒါကို ဘေးကစုဖုရားလတ်က မသိပါဘူးတဲ့လေ.. သီပေါမင်း လေးဘက်ထောက်ခေတ်မှာများ အသက်ရှင်နေလားမသိ

ဒီလောက်တိုးတက်နေတဲ့ခေတ်မှာ ရှင်လေးကို ဘေးကဘွားတော်က မသိပါဘူးတဲ့.. ရုပ်ရှင်ဇာတ်ကားတွေ ဝတ္ထုထဲမှာတွေမှာ မင်းသားက နာမည်ကြီး မင်းသမီးက မသိ.. ရုပ်ရှင်သဘောသဘာဝအရတော့ ကြားရကြည့်ရကောင်းပေမယ့် အခုတော့ ကြားရတာ နားဝင်မချောလှ ။

ရှင်လေးကို မသိဘူးဟေ့ဆိုပြီး ဒီနေရာမှာတင် ဂျွမ်းဆယ်ပတ် ဆယ့်ငါးပတ်လောက် ထိုးလိုက်ရမလား.. ဒါမှမဟုတ် ထပဲခုန်လိုက်ရမလား ရှင်လေးမသိ

သူကပဲခေတ်နောက်ကျနေတာလား.. ကိုယ်ကပဲ ကြိုးစားမှုအင်အား လိုနေတာလားမပြောတတ်တော့ပါ ။

" ဟို ယဉ်အေး မသိဘူးဆိုတာကလေ နာမည်က ကြားဖူးပါတယ် အေးကြည်တို့ ခဏခဏပြောတော့လေ.. "

ထိုင်တောင် ရှစ်ခိုးရတော့မလိုလို..

" လူနဲ့နာမည် နဲ့ တွဲမသိတာလေး တစ်ခုပါ.."

တွဲမသိတာလေး တစ်ခု ဆိုပဲ.. တွဲသိအောင် လည်ပင်းမှာ နာမည်ကြီးကြီးရေးချိတ်ထားမှ တွဲသိမှာလား လို့ရွဲ့မေးလိုက်ချင်တယ် ။

ဒါပေမယ့် သူကကိုယ့်ကိုသိကိုသိမှရမယ် မသိလို့ ရန်စကားပြောနေတယ်လို့များ ထင်နေမှာစိုးလို့ ပါးစပ်ကို စတာပလာနဲ့သာတွဲချုပ် ထားလိုက်ရတယ်..

ဒါတော့ဒါပေမယ့် သိတော့သိသင့်တယ် မဟုတ်ဘူးလား.. စိတ်ထဲတော့ ဘဝင်မကျလှ ။

သူ စိတ်ဆိုးသွားတာလား မသိဘူး.. ဘေးက မီးရောင်ပြပြနဲ့ သူ့မျက်နှာဖြူ ဖြူ ဖွေးဖွေး လေးကို ဘေးတစ်ခြမ်းစောင်းလေး မြင်နေရတော့ သူ့မျက်နှာ နည်းနည်း ပြောင်းလဲနေတာ သိရတာပါလေ..

ခွင့်မရှိ (Unicode)Where stories live. Discover now