Part (3)

7K 238 2
                                    

ခွင့်မရှိ

🌸pann

Part (3)

" ဟာ မား.. မမိုက်ဘူးဗျာ "

" မမိုက်တာ မင်းလေ.. မင်းပဲ သမီးယဉ်အေးနဲ့ လက်ထပ်တော့မယ် လို့ ပြောခဲ့တာ မဟုတ်ဘူးလား "

" ရှင်လေး နာမည် ထည့်မပြောခဲ့ပါဘူး.. "

" ဒါပေမယ့် မင်းပြောတဲ့စကားက သူ့ကိုပဲ ရည်ညွှန်းနေတာ မဟုတ်ဘူး လား.. "

ပြန်ချေပစရာ စကားမရှိ.. ။

တကယ်လည်း သူ့ကိုရည်ညွှန်းပြီး ပြောခဲ့မိတာလေ.. ဒါကလည်း နေခြည်လင်းဆိုတဲ့ ဒိဋ္ဌိမကြောင့်သာ

သူနဲ့မချိန်းခင် အဖွဲ့သားခေါင်းဆောင်ကို ဖုန်းဆက်လှမ်းမေးကြည့်တော့ သူတို့ချိန်းထားတဲ့ဆိုင်က တစ်ဆိုင် နေခြည်လင်းကိုယ့်ကို လာပြောတော့ ဆိုင်တစ်ဆိုင်ဖြစ်နေတာလေ.. ။

ဒါသူ့စနက်တွေ မကင်း.. လူချင်းတွေ့ပြီး ဒဲ့မေးလိုက်ဖို့ ကြံပေမယ့် နောက်ထပ်ကို သတင်းထောက်တွေကို ဆွဲထည့်လာတော့ သူကြိုးဆွဲရာ မကဖို့ နည်းလမ်းအမြန်ရှာလိုက်ရတာ..

အဲ့ချိန်ပြေးပေါက်က ဘာလို့အဲ့တောသူမကိုပဲ သွားသတိရမိလဲမသိ.. ပြောလိုက်တာက ရှောင်ထွက်ဖို့ အခုတော့ မားက မနက်ဖြန် သွားတောင်းရမ်းမည်တဲ့လေ ။

ဖြစ်သင့်လား.. မနက်ကမှ အမှုတစ်မှုရှင်းပြီး အခုညနေ နောက်တစ်မှုက တက်လာပြန်ပြီ

မနက်ကရှောင်လို့ လွှတ်ခဲ့ပေမယ့် အခုကတော့ ပြေးဖို့လမ်းပေါက် မမြင်.. 

" ဟုတ်တော့ဟုတ်ပေမယ့် မနက်ဖြန်ဆိုတာ မမြန်လွန်းဘူးလား မား.. "

" နောက်တောင်ကျနေပြီ "

" အိမ်ထောင် တစ်ခုထောင်ဖို့က နောက်ကျလေ ကောင်းလေပါ.. "

" အဖေ့ထက်သားတစ်လ ကြီးပြန်ပြီ.. "

" ..... "

ပါးစပ်ပိတ်နေရသည်.. မင်း ဘယ်လိုလှည့်ထွက်မလဲ ရှင်လေး ။

" ဟိုဘက်ကိုလည်း အားလုံးပြောထားဆိုထားပြီးပြီ ရှင်လေး.. မင်းငြင်းဖို့ ကြိုးစားနေလည်း အချည်းနှီး ဖြစ်ရုံပဲရှိမယ် "

ခွင့်မရှိ (Unicode)Where stories live. Discover now