Part (5)

6.6K 242 1
                                    

ခွင့်မရှိ

🌸pann

Part (5)

" အမေ.. ယဉ်အေး လုပ်တာမှန်ရဲ့လားဟင် "

" ဘာကိုလဲ သမီးရဲ့ "

" ကိုရှင်လေးနဲ့ လက်ထပ်တဲ့ကိစ္စလေ.. "

" မေ့သမီးက ဘာတွေစိုးရိမ်နေတာလဲ.. လက်ထပ်ခါနီးတော့ စိုးရိမ်လာတာလား "

" အဟွန်း.. "

ယဉ်အေး အဝတ်ခေါက်ရင်း အသာလေးပြုံးမိသည်.. ။

အရာအားလုံးကို စိုးရိမ်နေတာပါ အမေ..

" ဘာတွေစိုးရိမ်စရာရှိလဲ သမီးရဲ့.. "

" အမေနဲ့အဘကို ထားခဲ့ဖို့ စိတ်ချတာလည်း ပါတယ်.. ပြီးတော့ သူတို့က အသိုင်းဝိုင်းကြီးထဲက မဟုတ်လား ယဉ်အေးအားငယ်တာတော့ အမှန်ပဲ "

" အဟွန်း.. အမေနဲ့အဘကို စိတ်ပူမနေပါနဲ့ သမီးအဘဆိုပျော်လို့ ယဉ်အေးက သက်သောင့်သက်သာ နေရတော့မှာဆိုပြီး သူ့မှာဝမ်းသာနေတာ.. အမေလည်း သမီးတွက် စိတ်ချရတယ် အမေလိုမုဆိုးမက သမီးကို ဘယ်လိုလုပ် အမြင့်တင်နိုင်ပေးရမလဲ သမီး ရဲ့.. အခုတော့ စိတ်ချရတဲ့သူလက်ထဲ ထည့်လိုက်ရတော့ အမေဝမ်းသာတယ် အမေ့သမီးကောင်းစားတာ မြင်ရတော့ အမေဖြင့်သေပျော်ပြီ "

" အို.. အမေကတော့ ပြောရော့မယ် အမေက အသက်ငယ်ငယ်နဲ့ ဘာလို့သေမှာတုံး ယဉ်အေး အိမ်ထောင်တောင်မပြုချင်တော့ဘူး "

" အဟင်း.. အမေက စကားအဖြစ်ပြောတာပါ ယဉ်အေးရယ် အမေစိတ်ချရလို့ သေလို့တောင် ရပြီပြောတာ ဘယ့်နှယ့်စကားတိုင်း လိုက်အယူကောက်နေရတယ်လို့ "

" အမေက ယဉ်အေး ဟိုကိုလိုက်သွားရမှာကို စိတ်မပူဘူးလား.. "

" မပူပါဘူး.. ပူစရာမှမလိုတာ ဆိုးသွမ်းနေတဲ့ယောကျာ်းနဲ့ အိမ်ထောင်ကျသွားတာမှ မဟုတ်တာ ငါ့သမီးလေး ထမင်းနပ်မှန်အောင် စားရပါ့မလား ငါ့သမီးလေး ရိုက်နှက်ခံနေရမလား ငါ့သမီးလေး ငိုနေရမလား.. ဒါတွေ အမေပူစရာမလိုတော့ဘူး သမီးကို အမေစိတ်ချတာတော့ အမှန်.. သမီး လိုက်သွားရမှာကတော့ ကြိုမှန်းထားပြီးသားပါ မိန်းကလေး ဆိုတာ သျှောင်နောက်ဆံထုံး ပါတတ်တာကိုး အမေပြင်ဆင်ထားပါတယ် "

ခွင့်မရှိ (Unicode)Where stories live. Discover now