Part (22)

8.8K 242 3
                                    

ခွင့်မရှိ

🌸pann

Part (22)

တောက်.. ကွာ ။

ရှင်လေး ထမင်းစားရင်း ကိုယ့်ကိုယ်ကိုယ် မချင့်မရဲဖြစ်မိသည်.. ယဉ်အေးကတော့ မိန်းကလေးဖြစ်ရဲ့သားနဲ့ ခပ်အေးအေး တည်တည်ငြိမ်ငြိမ်သာ..

ရှင်လေးဖြင့် မသိရင် ရှက်နေသလိုလို ရွံ့နေသလိုလိုနဲ့.. ဘာကြီးမှန်းမသိ ဖြစ်ရသည်

ဒါဟိုကောင်တွေရဲ့ စနက်မကင်းဘူး.. တော်ပြီ မသောက်တော့ဘူး ငြင်းလည်းမရဘူး ။

ဆုရတာကြောင့် ဂုဏ်ပြုရမယ်ဆိုပြီး အကြောင်းပြချက်နဲ့သောက်ရတဲ့အပြင်ကို ယဉ်အေးနဲ့လက်ထပ်လိုက်တာ တိုးတိုးကြိတ်ကြိတ်လုပ်ရမလားဆိုပြီး အပြစ်ပေးတဲ့အနေနဲ့ ရှင်လေးသောက်ရမယ် လုပ်လာပြန်တာလေ..

လူကို မိုးပျံအောင်တိုက်လိုက်မှတော့ ဒီကောင်က အသိစိတ်ရှိတော့မလားတဲ့.. ။

အခုအသိစိတ်ဝင်တဲ့ချိန် မျက်နှာပူရပြီ.. မသာတွေ ငါ့အလှည့်တွေ့မယ်

ရှင်လေး ထမင်းလုံးတွေကျေညက်နေလည်း သွားကြီးကြိတ်ကာ ဖိဝါးစားနေမိသည်.. ။

ယဉ်အေး ကိုရှင်လေးအတွက် ထမင်းခူးပေးပြီးတာနဲ့ မီးဖိုချောင်ထဲ လစ်ခနဲ ပြေးဝင်မိသည်..

စကားလည်း မပြောရဲ.. တုန်ရီနေတဲ့အသံကြောင့်မို့ မနည်းစကားထိန်းပြောနေရတာ ကိုယ်သာအသိဆုံး..။

တည်တည်ငြိမ်ငြိမ်လေးဖြစ်အောင် မနည်းထိန်းထားနေရတာ.. ဟန်ကိုယ့်ဖို့အတွက်ပဲ မဟုတ်လား ။

ကိုရှင်လေးမျက်နှာကို တည့်တည့်တောင်မပြောနဲ့.. ဘေးတစောင်းတောင် လှည့်မကြည့်ရဲတာ ယဉ်အေးအသိဆုံး..

ပုံမှန်ဆို လင်မယားကြားမှာ ဒီလိုအရေးကိစ္စက သာမန်လောက်ပဲဖြစ်ပေမယ့် ယဉ်အေးတို့အတွက်ကျ သာမန်မဖြစ်.. ခပ်ခွာခွာ ခပ်ကင်းကင်းနေခဲ့ကြတဲ့သူတွေမို့ မထင်မှတ်ဘဲ ရင်းနှီးမိတော့ စိတ်တွေ ကသိကအောက် ဖြစ်ရသည်..

ဘာမှမဖြစ်ကြသလို နေချင်ပြန်သော်လည်း အံလိုမနေနိုင်ပြန်.. တစ်ယောက်ထဲ ကိုယ့်ကိုယ်ကိုယ်ဘယ်လောက် အားတင်းထားထား ဘယ်လောက်ပဲ ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက် ချထားချထား နှစ်ယောက် ဆုံရင် နေမထိထိုင်မသာ ဖြစ်ရသည်.. ။

ခွင့်မရှိ (Unicode)Where stories live. Discover now