Part (6)

6.3K 233 1
                                    

ခွင့်မရှိ

🌸pann

Part (6)

ကျစ်.. ။

ရှင်လေး စိတ်တွေရှုပ်စွာနဲ့ ယဉ်အေးချမ်းကို ဘုတောလွှတ်ပြီးမှ အားနာရပြန်သည်.. သို့သော်လည်း ရှင်လေး စိတ်ရှုပ်နေရတာကလည်း သူ့ကြောင့် အရင်းခံနေတာမို့ ပြန်တောင်းပန်မနေဘဲ ထားလိုက်တယ်..

အထင်လွဲသွားလည်း ရှင်လေးအတွက် ထိခိုက်နစ်နာမှု ရှိသွားတာမှမဟုတ်တာ ။

စိတ်ညစ်ညစ်နဲ့ ခေါင်းချအိပ်လိုက်ချင်ပေမယ့် လူတစ်ကိုယ်လုံး ချွေးနံ့တဒီးဒီးဖြစ်နေတာကြောင့် ရေထချိုးဖို့ လုပ်ရသည်..

ရှင်လေး အိပ်ယာကနေထပြီး သူ့ဘက်အကြည့်ရောက်တော့ ဘာတွေတွေးငိုင်နေလဲမသိ..ရှင်လေးဆီတောင် မကြည့်မရောက်လာ ။

မျက်မှောင်တော့ကျုံ့မိပေမယ့် ဘာစကားမှ တော့ မပြောဖြစ်လိုက်ဘူး.. ကိုယ့်ဘာသာ ရေချိုးခန်း ဘက်သွားလိုက်တယ် ။

ယဉ်အေး သူ ထသွားတာ သိပါသည်.. လိုက်လည်း မကြည့်နေပါ ခရီးမထွက်ဖူးတော့ ကားနောက်နေတာ ခံရခက်သည်

ယဉ်အေး တသက်နဲ့တစ်ကိုယ် ခရီးမထွက်ဖူး.. ကားနဲ့လည်း ခရီးလှမ်းနဲ့ဒေသတွေကို မသွားဖူး ဒီတော့ ပထမဦးဆုံး မို့ ခေါင်းနောက်ဒဏ်နဲ့ ယဉ်အေး နေသားမကျ ။

ထိုင်ခုံလေးမှာပဲ ခေါင်းလျှောမှီရင်း သက်သာအောင် နေလိုက်သည်..

ရှင်လေး အခုမှ လူကပေါ့ပါးသွားသလိုပဲ..ဟိုမှာ ရေချိုးရတာက ရှင်လေးအတွက် အဆင်မပြေ ဟာလာဟင်းလင်းကြီးမို့ ရေချိုးရတိုင်း တစ်ခုခုလိုနေသလိုပါ ။

အခုတော့ အခန်းတံခါးပိတ်ပြီး အေးဆေးအသာချိုးနေရုံပဲ.. စိတ်ရှိလက်ရှိ ဇိမ်ခံချိုးနေပြီးမှ တဘက်ဆွဲကာ ထွက်ခဲ့လိုက်တယ်

တစ်ယောက်ထဲ လေရွှင်ရင်း ဗီဒိုဖွင့်ကာ ဝတ်ဖို့ရွေးပြီး တဘက်ဖယ်ကာ လှဲဝတ်တော့မည်အလုပ် ခုံမှာ ထိုင်နေတဲ့ ယဉ်အေးချမ်း တွေ့တော့ လန့်ပြီး ကျွတ်ကျတော့မည့် တဘက်ကို ပြန်ဆွဲတင်လိုက်ရသေးတယ်..

" အမလေး.. "

ရင်ဘတ်ကို လက်နဲ့ဖိရင်း လေသံနဲ့တိုးတိုး ပြောမိတယ်.. တော်ပါသေးရဲ့ အချိန်မှီသေးလို့ ။

ခွင့်မရှိ (Unicode)Where stories live. Discover now