[NEW]​ EPISODE_38

Start from the beginning
                                    

"ဘာလဲ"​

ဖိတ်စာကိုလက်ထဲထိုးထည့်ပေးလိုက်တော့ အတင်းတွန်းထုတ်သည်။ ကျွန်တော်ကလက်ထဲ အတင်းထည့်ပေးလိုက်၊ Rae In​ Hyungက ပြန်တွန်းထုတ်လိုက်နှင့် ဖိတ်စာလေးမှာ အချိန်ခဏလေးအတွင်းမှာပင် ကြေမွသွားရ၏။

"ရပ်ကြဦးမှာလား​ ဒီနေ့... Yoon Soraရဲ့မင်္ဂလာဆောင်ဖိတ်စာနော် အဲ့တာ"

ဖိတ်စာလေးဟာကျွန်တော်တို့နှစ်ယောက်ရဲ့ လက်ထဲကနေ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ရသည်။

"တော်သေးတာပေါ့။"​

Rae In Hyungဟာ အပေျာ်တေွပြည့်နှက်နေသည့်အသံဖြင့် ရင်ဘတ်ကိုပုတ်လို့ ပြောလာခဲ့သည်။ကျွန်တော်ကတော့ လွတ်ကျသွားတဲ့ ဖိတ်စာလေးကိုသာ မျက်တောင်မခတ်တမ်းငေးကြည့်နေခဲ့မိ၏။ Noonaရဲ့မင်္ဂလာဆောင်ဆိုရင် သေချာပေါက်Hyungနဲ့... အင်း... Hyungနဲ့ပဲဖြစ်ပါလိမ့်မည်။

မျက်ရည်စက်တေွဟာ ကြမ်းပြင်ထက်ရှိဖိတ်စာလေးပေါ်သို့ ပေါက်ခနဲပေါက်ခနဲ​ ကျလာခဲ့သည်။ မျက်ရည်စက်တေွရဲ့ ပိုင်ရှင်ကတော့ ကျွန်တော်ပေါ့။

"ငိုနေတယ်။ ဘာလို့ငိုနေတာလဲ Tae Hyung"​

ပုခံုးနှစ်ဖက်ကိုလှုပ်လို့ Rae In Hyungဟာ မေးလာခဲ့သည်။ ပြန်ဖြေစရာအဖြေမရှိသလို ဖြေလို့လဲမရခဲ့ပါ။ သို့ကြောင့် ခေါင်းကိုသာတွင်တွင်ခါရင်း တအင့်အင့်ရှိုက်ငိုနေမိ၏။ အသက်ရှူရခက်လာတာနဲ့အမှျ ရင်ထဲမွန်းကြပ်မှုဟာလည်း အဆမတန်​ပင်။

"Tae​ Hyung... ဟေ့ကောင်။ သတိထားဦးလေ။"​

ခေါ်သံတေွ သတိပေးသံတေွဟာ နားထဲဝိုးတဝါးပါပဲ။ လေတိုးသံတေွသာ တဝှီဝှီနဲ့ကြားနေရ၏။ မျက်ခွံတေွဟာ လေးလံလာသည်။ အသက်ရှုသံတေွဟာ စိတ်လာသည်။

မကြာခင်မှာ ကျွန်တော်....

:::::::::::::::::::::::::

ထောင်ဝင်စာလာတေွ ့ချင်းဖြစ်သည်။ ကောင်ငယ်လေး၏ အမေအားမနက်ဖြန်ဆို အသည်းအစားထိုးကုသတော့မည်ပင်။ သို့ကြောင့် ဒီကနေ့ဒီကို လာရောက်ရခြင်းဖြစ်၏။

မကြာမှီအချိန်အတွင်းမှာ 10ပေပတ်လည်အခန်းကျဥ်းလေးထဲသို့​ ကောင်ငယ်လေးနှင့်​အစောင့်နှစ်ယောက်ဟာ ဝင်လာခဲ့သည်။ လက်တေွခြေတေွမှာ ချုပ်နှောင်ခံထားရခြင်းမရှိတာကြောင့် ကျွန်တော်စိတ်ထဲအနည်းငယ်အေးသွားရ၏။

Second Person (Season_1)​(Completed)​Where stories live. Discover now