၆၈။ အိမ်​ထောင်ဖက်​ကို လဲလှယ်​ (၂)

6.7K 1.1K 45
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - No Cause

၆၈။ အိမ်​ထောင်ဖက်​ကို လဲလှယ်​ (၂)

________

ရုန်​ကျင်းထန်​၌။

ရှန်းယွမ်​ပေါ်တစ်​ယောက်​ ရှန်းလောင်​ဖူးရန်​၏ ဘေးနံပါးတွင်​ တိုးကပ်​ခွေလျက်​ ချွဲနေလေသည်​။ ဒီရက်​ပိုင်းအတွင်း ရမ့်​ဝန်​ယွင်​မှာ ရှန်းချင်းကို ပြုစုစောင့်​ရှောက်​နေရသောကြောင့်​ ရှန်းယွမ်​ပေါ်ကို ရုန်​ကျင်းထန်​မှာသာ အပ်​ထားရသည်​။ ရှန်းလောင်​ဖူးရန်​ကလည်း နဂိုကတည်းက ဒီမြေးကလေးကို ချစ်​ခင်​အလိုလိုက်​ထားသူပီပီ ရတနာလေးလို ဖူးဖူးမှုတ်​ထားလေ၏။ ထို့ကြောင့်​လည်း သူမ ရမ့်​ဝန်​ယွင်​အပေါ် သဘောကောင်းပြနေခြင်း ဖြစ်​နိုင်​သည်​။

ချန်းရော့ချိုးနှင့်​ ရှန်းယွဲ့ကတော့ ရုန်​ကျင်းထန်​မှာ ရှိမနေ။ ရှန်းချင်းကို ရမ့်​ဝန်​ယွင်​ ကြည့်​ရှုနေရသဖြင့်​ အိမ်​တော်​သခင်​မ၊ အိမ်​ရှင်​မရာထူးမှာ ချန်းရော့ချိုးလက်​တွင်း အလိုအလျောက်​ရောက်​သွားခဲ့သည်​။ ပြီးတော့ အခြားအိမ်​တော်​မှ မင်းကတော်​များနှင့်​ အဆက်​အသွယ်​ပြု အရောတဝင်​ရှိရန်​ ရှန်းအိမ်​တော်​၏ ကိုယ်​စားလှယ်​အဖြစ်​လည်း သူမ တာဝန်​ယူရတော့သည်​။ ဒီလိုအခွင့်​ကောင်းမျိုးကို ချန်းရော့ချိုးကလည်း လက်​မလွှတ်​လိုပေ။ ရှန်းယွဲ့ကိုလည်း မင်းကတော်​အသိုင်းအဝိုင်းမှာ ဝင်​ဆန့်​စေရန်​ သူမနှင့်​ ပွဲတိုင်း လမ်းတိုင်း ခေါ်သွားတတ်​သေးသည်​။ ရှန်းယွဲ့၏ အနာဂတ်​အိမ်​ထောင်​ရေး သာယာအဆင်​ပြေစေရန်​ ရည်​ရွယ်​ခြင်း ဖြစ်​တန်​ရာသည်​။

ရမ့်​ဝန်​ယွင်​ကတော့ ခန်းမကြီး၏ ဘေးနံရံဘက်​နားတွင်​ ရပ်​နေပြီး တစ်​စုံတစ်​ရာ တွေးတောနေဟန်​ရှိသည်​။

ရှန်းလောင်​ဖူးရန်​၏ မိန်းမစေ ရှီးအာက ရှန်းမြောင်​ကို အထဲခေါ်လာသည်​။ ရှန်းမြောင်​လည်း အထဲရောက်​သည်​နှင့်​ လောင်​ဖူးရန်​အား ဂါရဝ အရင်​ပြုလိုက်​၏။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Tahanan ng mga kuwento. Tumuklas ngayon