၉၆။ ပိုနီးစပ်လာ

5.5K 708 34
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - No Cause, Edge

၉၆။ ပိုနီးစပ်လာ

ရှန်မြောင် မင်းသမီးရုန်ရှင်း၏ အိမ်တော်တွင် ခဏထိုင်စောင့်နေရသည်။ အဝတ်အစားများ လဲဝတ်လိုက်ပြီး အိမ်စေမလေးများက သူမ ဆံပင်ကို ဖီးသင်ပြင်ဆင်ပေးကြလေသည်။ ပြင်ပြီးဆင်ပြီး လက်ဖက်ရည်တစ်ခွက်သောက်ပြီးလောက်မှ မင်းသမီးရုန်ရှင်း ဝင်လာလေ၏။

"ရှန်သခင်မလေး ဆိုတာလား" မင်းသမီးရုန်ရှင်းက ပြုံးလိုက်သည်။ "ဂျင်းလက်ဖက်ရည် ယူလာပေးဖို့ တို့ မီးဖိုဆောင်ကို မှာထားတယ်၊ ဒီလို အေးစက်စက်ရာသီဥတုကြီးမှာ နွေးနွေးထွေးထွေးဖြစ်အောင် နေမှ၊ မဟုတ်ရင် အအေးမိဖျားနာသွားလိမ့်မယ်"

ရှန်မြောင်ကလည်း အပြုံးဖြင့် တုံ့ပြန်သည်။ "မင်းသမီးကို ကျေးဇူးအများကြီးတင်ရှိပါတယ်" သို့သော် ယခင်က မင်းသမီးရုန်ရှင်းမှာ သူမအပေါ် ဤကဲ့သို့ ဖော်ဖော်ရွေရွေ တရင်းတနှီးမရှိဖူးသဖြင့် သူမ စိတ်ထဲ ဇဝေဇဝါဖြစ်မိသွားလေသည်။ လောလောဆယ်မှာတော့ မင်းသမီး၏ မျက်နှာဝယ် ယခင်ဘဝမှာကဲ့သို့ အေးစက်စိမ်းကားခြင်း၊ ခပ်တန်းတန်း တည်တည်နေခြင်းတို့ မရှိ။ ရှန်မြေူင်တစ်ယောက် မိမိရှေ့တွင်ရှိနေသူမှာ မင်းသမီး ရုန်ရှင်းမှ ဟုတ်ပါလေစဟု သံသယဝင်မိတော့မတတ်ဖြစ်ရလေသည်။

သူမ စဉ်းစားနေစဉ်မှာ၊ မင်းသမီးရုန်ရှင်းကလည်း သူမကို အကဲခတ်နေသည်။ မင်းသမီးရုန်ရှင်း၏ အကြည့်များမှာလည်း အတွေးများနေပုံရသည်။ မင်းသမီးရုန်ရှင်းမှာ အပြင်ထွက်၍ သွားသွားလာလာ သိပ်မရှိသော်လည်း တင်းမြို့တော်တွင်းရှိ ကောလဟလပေါင်းစုံသည် သူမ နားတော်သို့ ပေါက်ကြားလာတတ်စမြဲ။ သို့ပေလျက် သူမက အပြင်ထွက်၍ မင်းကတော်အသိုင်းအဝိုင်းများနှင့် နှီးနှောလေ့ မရှိသောကြောင့် နောက်ဆုံးအခြေအနေ သတင်းများကိုမူ မသိရပေ။ ထို့ကြောင့် သူမ သိထားသမျှမှာ ရှန်စစ်သူကြီး၏ တိသမီး ရှန်ပဉ္စမသခင်မလေးမှာ သူရူးလူမိုက်ဖြစ်သည်ဟူသော သတင်းများအထိသာ သူမ ကြားထားခြင်းဖြစ်၏။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now