၁၁၉။ လော့အိမ်တော်

3.8K 602 24
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - Edge, No Cause

၁၁၉။ လော့အိမ်တော်

ဒုတိယမြောက်နေ့ နံနက်ခင်း မိုးလင်းချိန်၌ ကျင်းကျဲ့နှင့် ကုယွီက ရှန်မြောင်နိုးလာမှာကို စောင့်ဆိုင်းနေကြသည်။ သူတို့ အထဲ ဝင်သွားသည့် အချိန်တွင် ရှန်မြောင် ခုတင်ပေါ်တွင် အိပ်ပျော်နေတာကို မြင်လိုက်ရပြီးနောက် သူမကို ခြုံပေးထာသည့် မြေခွေးသားမွေးအနွေးဝတ်ကို တွေ့လိုက်ရသည်။ နှစ်ယောက်လုံးက ရုတ်တရက် အံ့ဩထိတ်လန့်သွား၏။ ယမန်နေ့က သူတို့ ထွက်သွားသည့်အချိန်တွင် မြေခွေးသားမွေး ရှိမနေခဲ့ပေ။ ထို့ကြောင့် မည်သည့်နေရာက ထိုအရာရောက်လာသနည်း။ ကျင်းကျဲ့က ရှန်မြောင်ကို နှိုးလိုက်၏။ သူမနိုးလာပြီးနောက် ရှန်မြောင်သည် မြေခွေးသားမွေးကို ကြည့်ကာ စိတ်လွတ်နေတော့သည်။

မက်မွန်ပွင့်သေရည်၏ အာနိသင်က ကောင်းမွန်သော်ငြား လယ်ပိုင်ရှင်၏ ဇနီး ပြောသလိုပင် နောက်နေ့နံနက်ခင်း၌ မူဝေနေမှုများ မရှိနေတော့ပေ။ မူးမနေသော်လည်း မနေ့ညက အဖြစ်အပျက်များကို ဘာမျှ မတွေးနိုင်ဖြစ်နေ၏။ သူမ၏ အခန်းထဲသို့ မည်သို့မည်ပုံ ဝင်လာသည် ဆိုတာကိုလည်း သူမက မမှတ်မိနိုင်ချေ။

ကုယွီက မြေခွေးသားမွေး၏ အင်္ကျီကို ကိုင်ထားပြီး မေးလိုက်၏။

“သခင်မလေး ဒီမြေခွေးသားမွေးဝတ်က ဘယ်ကနေ ရောက်လာတာလား”

ရှန်မြောင်က မြေခွေးသားမွေး အင်္ကျီကို ယူပြီးနောက် ခေါင်းခါလိုက်တော့သည်။

“သခင်မလေးရဲ့ အနွေးဝတ်တွေ အတွက် သေတ္တာက ဒီမှာပဲ။ သခင်မလေးက မနေ့ညက မူးတဲ့အချိန် ထုတ်လိုက်မိတာနေမှာ”

ကျင်းကျဲ့က တွေးဆပြီး မေးလိုက်၏။

“ဒါပေမဲ့ ဒီမြေခွေးသားမွေးကို ပထမဆုံးအကြိမ် တွေ့ဖူးတာလို့ ဘာကြောင့် ခံစားနေမိတာပါလိမ့်”

ရှန်မြောင်သည် မနေ့ညက ဤနေရာတွင် ရှိနေပြီး အပြင်ဖက်တွင် အစောင့်များကလည်း စောင့်ကြပ်နေရာ ထွေထွေထူးထူး မဖြစ်နိုင်သောကြောင့် သူတို့သည် အခြားသော ဖြစ်နိုင်ခြေကို မတွေးခဲ့ကြပေ။ မြေခွေးသားမွေး၏ နေရာတွင် ပေါ်လာတာကို သူတို့ ထူးဆန်းနေရုံသာ ရှိသည်။ ရှန်မြောင်က ပြောလိုက်၏။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now