၆၉။ တတ်​စွမ်းနိုင်​မှု (၁)

6.9K 1K 47
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - Xiao
Editor - No  Cause

၆၉။ တတ်​စွမ်းနိုင်​မှု (၁)

________

"ရှန်းမြောင်​..."

"သူပဲ..." ရှဲ့ကျင်ရှင်း၏ သဘာထားက ဆုမင်ဖုန်းကို အံသြသွားစေသည်။ သူ တစ်​စုံတစ်​ရာကို အမှတ်ရသွားပြီး နောက်ပြောင်လိုဟန် ရယ်လိုက်တော့သည်။ "သူက ကျောင်းတော်​စာမေးပွဲမှာတုန်းက မင်းကယ်ခဲ့တဲ့ မိန်းကလေးမဟုတ်​လား၊ ဆိုတော့ကာ ပြောရရင် သူက နည်းနည်းတော့ သတ္တိရှိသား၊ ရုပ်ရည်​လည်း မဆိုးလှပါဘူး။ ဝေ့ချင်း၊ ဒီကောင်‌တော့ ပေါပေါရတာဆိုပြီး တန်ဖိုးမထားတတ်ဘူး..."

ဆုမင်​ဖုန်းမှာ ရှဲ့ကျင်​ရှင်းတစ်​ယောက်​ အတွေးထဲ နစ်​မြောနေသည်​ကို မြင်​ပြီး အံ့သြနေရပြန်​သည်​။ "ဟိတ်​၊ မင်း တကယ်ကြီး အဲ့ဒီမိန်းကလေးအပေါ် ကြွေဆင်းသွားမိပြီလား...?"

"မင်း အတော်အားယား‌နေတာပဲ"

"ဒါပေါ့ ငါ့မှာ လုပ်စရာမရှိဘူး" ဆုမင်ဖုန်း မျက်​မှောင်​ ကျုံ့လိုက်​သည်​။ "ငါ အခု အပြင်းအထန်​ နာမကျန်းဖြစ်​နေတာနော်​... ရုံးတော်လည်းမသွားနိုင်ဘူး... အိမ်​ထဲက ခွေးလေး ကြောင်​လေးတွေနဲ့လည်း မကစားရဘူး။ မင်းကလည်း သိပ်ပေါ်မလာနဲ့... နောက်ပြီး ဆေးဆရာ ကောင်းယန်နဲ့ တပူးတွဲတွဲနေတာ၊ မင်း ငါ့ကို တစ်​ခုခုဖုံးကွယ်ထားတာရှိနေလား...?" 

ငယ်​ရွယ်​စဉ်​ကတည်းက ဖြစ်​တည်​လာသည့်​ ခင်​မင်​ရင်းနီးမှုမျိုးက အပေါ်ယံမဟုတ်​ဟု အဆိုရှိကြသည်​။ သို့သော်​ ရှဲ့ကျင်​ရှင်းလို လူအတွက်​ကတော့ အရွယ်​ရောက်​လေ၊ လျှို့ဝှက်​ချက်​တွေများလေ။ ဆုမင်​ဖုန်းဘက်​က မိမိ အိမ်​တွင်းရေး ကိစ္စအားလုံး ရင်​ဖွင့်​တိုင်​ပင်​ဆွေးနွေးတတ်​သော်​လည်း ရှဲ့ကျင်​ရှင်းနှင့်​ ပတ်​သက်​၍  ဆုမင်​ဖုန်း ဘာမှ မသိရ။

ရှဲ့ကျင်​ရှင်းက သူ့ထံ သစ်​သီးတစ်​လုံး ပစ်​ပေး၍ ဆိုသည်​။ "ဒါသာစားစမ်းပါ" သူက ပြောလက်​စ စကားကို မဆက်လိုတာ သိသာသည်။ ဆုမင်​ဖုန်း၏ မျက်​ဝန်းမှာလည်း အရောင်​တစ်​မျိုးပြောင်းသွားပြီး နှုတ်​ခမ်းမှာ ခါးသက်သက်အပြုံးတစ်​ခု တွဲလဲခိုသွားမိ၏။ သို့သော် သူ ဘာမှတော့ထပ်​ မပြောဖြစ်​ခဲ့။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now