၁၁၂။ စစ်သူကြီးအဖြစ် ထမ်းဆောင်ရန် တောင်းဆို

4.1K 578 25
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - NC, Edge

၁၁၂။ စစ်သူကြီးအဖြစ် ထမ်းဆောင်ရန် တောင်းဆို

"အဲဒါ ဘာကိုဆိုလိုတာလဲ" ရှန်မြောင် မေးလိုက်တော့လေသည်။

ရှဲ့ကျင်းရှင်းက ထိုသို့သော စကားမျိုးကို အကြောင်းရင်းမဲ့ ပြောမည်မဟုတ်ပေ။ ထို့ကြောင့် ထိုစကားများနောက်ကွယ်၌ အခြားအဓိပ္ပာယ်ရှိနိုင်လောက်ပေသည်။

ရှဲ့ကျင်းရှင်း မျက်ခုံးများ ပင့်လျက် သူမကို ကြည့်လာသည်။ "ရှန်ယွမ်က တင်းဝမ်ရဲ့ လူပဲ"

ရှန်မြောင် စိတ်ထဲ အနည်းငယ်မျှ အံ့အားသင့်သွားမိသော်လည်း နှုတ်မှ ထုတ်မပြောဖြစ်။

"မဖြစ်နိုင်လိုက်တာ...!" ဟုသာ ရှန်မြောင် အလိုအလျောက် အော်လိုက်မိလေ၏။

ရှဲ့ကျင်းရှင်း၏ အကြည့်များကတော့ ရှန်မြောင်ဆီမှာ စိုက်စိုက်၊ သူမအတွင်းစိတ်ထဲထိ ထိုးဖောက်မြင်နိုင်ရန် ကြိုးပမ်းနေသည့်ပမာ။ သူ မေးလိုက်တော့သည်။ "ဘာဖြစ်လို့လဲ"

ရှန်မြောင် လက်ဖဝါးက ချွေးစေးများ ပြန်လာသည်။ သူမ ရင်တွင်းမှာလည်း ဗြောင်းဆန်လို့နေချေပြီ။ ရှန်အိမ်တော်၏ ကံကြမ္မာဆိုး စတင်ခဲ့သည်မှာ ဤနှစ်နှစ်အတွင်း မဟုတ်ခဲ့။ လောလောဆယ် အနောက်မြောက်ဒေသအတွက် စစ်သူကြီးနေရာကို အစားထိုးတာဝန်ယူပေးနိုင်မည့်သူ မရှိသေးသောကြောင့် မင်းမျိုးမင်းနွယ်ဘက်ကလည်း ရှန်အိမ်တော်ကို မနှိပ်ကွပ်သေးဘဲ အချိန်ဆွဲထားခဲ့သည်။ ရှန်ယွမ်က တင်းဝမ်မင်းသားအတွက် အမှုထမ်းပေးသည်မှာ မှန်သော်လည်း ရှန်ယွမ်ရော တင်းဝမ်ပါ သတိကြီးသော သူများ ဖြစ်၍ မပိုင်နိုင်လျှင် မလှုပ်ရှားသောသူများ ဖြစ်လေသည်။ ယခင်ဘဝ၌ အဆုံးသတ်မှာမှ ဒုတိယနှင့် တတိယအိမ်တော်တို့၏ အပြစ် မကင်းခဲ့သည်ကို သူမ သိခဲ့ရသည့်အပြင် ရှန်ယွမ်က ရှန်စစ်တပ် ပုန်ကန်သည်ဟူသော သက်သေကို နောက်ဆုံးမှ ထုတ်ပြခဲ့သည်ကို သူမ သိထားသည်။

သို့သော် ယခုက ဘယ်အချိန်ရှိသေး၍လဲ။ ရှန်ရှင်းကို နှိမ်နင်း ဖယ်ရှားဖို့ရာ မင်းမျိုးမင်းနွယ်တို့အတွက် စောလွန်းနေသေးသည်။ သို့ဖြစ်ရာ ယခုဘဝ၌ ရှန်ယွမ်သည် အဘယ်ကြောင့် ဤအချိန်ကတည်းက ကြိုတင် ပြင်ဆင်လှုပ်ရှားခဲ့ပါသလဲ။ ယခုအချိန်၌ သက်သေကလည်း မစုံလင်သေး၊ မခိုင်လုံသေး။ သို့ဖြစ်ရာ ဖုရှိုးယီ အဘယ်ကြောင့် အခုချိန်ကတည်းက လှုပ်ရှားခဲ့ပါသလဲ။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now