၃၀။ ကံစမ်းခြင်း

9.6K 1.1K 32
                                    

၃၀။ ကံစမ်းခြင်း
~~~~~~~~~~~
Burmese translation of {Rebirth of Malacious Empress of Military Lineage}

Translator - Twinkle (a) kktwinklestar -

___________________________________

ဖုရှိုးယီသည် တော်ဝင်မိသားစုမှဆင်းသက်လာသူဖြစ်သည့်အလျှောက် တော်ဝင်မိသားစုများပြုလုပ်လေ့ရှိသော အပြုအမူများနှင့် စိမ်းသက်မနေပါ။ လက်ဖက်ရည်ပန်းကန်လုံးမှထွက်ပေါ်လာသောကြည်လင်သည့်အသံသည် မတော်တဆမှုတစ်ခုဟုထင်ရသော်လည်း ဂီတပညာရှင်များ၏ စည်းချက်ကိုတော့ အနှောင့်အယှက်ဖြစ်စေသွားသဖြင့် လူတွေ၏ စိတ်အာရုံ၌ ခံစားချက်တို့ တက်ကြွမနေစေတော့ပေ။ မည်သူက ဤသို့ဖြစ်စေခဲ့သည်ကို သူသိချင်လာမိသည်။ ဖုရှိုးယီသည် သတိကြီးပြီး သံသယစိတ်ပြင်းပြသည့် သဘောသဘာဝရှိသောကြောင့် ဤကိစ္စကိုပြုလုပ်သူမှာ မရည်ရွယ်ဘဲပြုလုပ်ခြင်းမဖြစ်နိုင်ကြောင်းတွေးခဲ့သည်။

ခရမ်းရောင်ဝတ်စုံနှင့်မိန်းကလေးသည် သူမ မေးစေ့ကို လက်ပေါ်တင်ရင်း အခြားသူများနှင့်စကားပြောနေခဲ့သည်။ သူမ ပုံစံကတော့ ထူးမခြားနားပေ။ သို့သော်သူမနှင့်ပတ်သတ်နေတဲ့ ဖော်မပြနိုင်တဲ့ အရှိန်အဝါတချို့က သူမကိုအခြားသူများနှင့် ကွဲထွက်နေစေသည်။

"ညီလေး ၉ ရဲ့အကြည့်တွေကို ဖမ်းစားနိုင်တာ ဘယ်သူများပါလိမ့်.....?" မင်းသားကျိုး ဖုရှိုးအန်းက ဖုရှိုးရီကြည့်နေရာသို့ ကြည့်လိုက်ပြီး ထင်ထင်ရှားရှားပြုံးလိုက်သည်။ "ငါတို့ညီအစ်ကိုတွေအကြောင်းပြောရရင် ညီလေး(၉) တစ်ယောက်ပဲ ကြင်ယာတော်မရွေးသေးတာ။ ခမည်းတော်ကတော့ ညီလေး(၉)ကို ကြင်ယာတော်ရွေးဖို့ခဏခဏပြောနေတယ်။ အဲ့ဒီတော့ ဒီမိန်းကလေးငယ်လေးက ဘယ်မိသားစုကပါလိမ့်...? သူမက တော်တော်ချောတာပဲ။ သူမရဲ့မိသားစုအသိုင်းအဝိုင်းကဘယ်ကလဲ တစ်ယောက်ယောက်မသိကြဘူးလား...?"

"သူမက ကြီးမြတ်တဲ့စစ်သူကြီးအိမ်တော်က ပဉ္စမသခင်မလေးဖြစ်ပြီး ဒီကကျောင်းသူတစ်ယောက်ဖြစ်ပါတယ်။" မနီးမနားမှာရပ်နေတဲ့ ဆရာဖေ့ကကြားသွားပြီး ပြန်ပြောခဲ့သည်။

"ကြီးမြတ်တဲ့ စစ်သူကြီးအိမ်က ပဉ္စမသခင်မလေးတဲ့လား....?" မင်းသားကျင်း ဖုရှိုးရွှမ်သည် မှတ်ဉာဏ်ကောင်းသူပီပီ ရှန်းမြောင်၏သတင်းများကိုလည်းကြားထားပြီးဖြစ်တာကြောင့် သူမ၏အမည်နှင့်စိမ်းမနေတော့ပါ။ "သူမက စစ်သူကြီးရှန်းရှင်းရဲ့တိသမီး မဟုတ်လား?..... နာမည်က ရှန်းမြောင် နဲ့တူတယ်?..."

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now