၁၂၀။ ထူကျွဲတို့ တိုက်လာပြီ

3.6K 537 25
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - Edge, No_Cause

၁၂၀။ ထူကျွဲတို့ တိုက်လာပြီ

လော့မိသားစုထဲတွင် နေ့ရက်များက ဤကဲ့သို့ ကုန်ဆုံးသွားသည်။

ရှင်ရှင်းနှင့် ရှန်ချိုးတို့က ဤအတိုင်း နေနိုင်ကျသည့် သူများ မဟုတ်ပေ။ ထို့ကြောင့် သူတို့သည် လော့အိမ်တော် အပြင်ဖက်ရှိ စုတ်ချာချာ လေ့ကျင့်ရေးကွင်းပြင်ဆီ ဦးတည်သွားလိုက်သည်။ သူတို့သည် ရှန်မိသားစု တပ်ဖွဲ့ရှိသော ရှေ့တန်းမှ လူများကို လေ့ကျင့်ပေးနေကြသည်။ ရှေ့တန်းမှ လူများက ပစ္စည်းထောက်ပို့ပေးရသည့် လူများသာ ဖြစ်ရာ ဤကဲ့သို့ လေ့ကျင့်ခံရခြင်းသည် ကြမ်းတမ်းမှန်း သူတို့ သိလိုက်ရသည်။ ရှန်ရှင်းကလည်း လေ့ကျင့်စဉ် ဒေါသထွက်လာသည်။

လော့ရွှယ်ယန်က မိတ်ဆွေ အပေါင်းအသင်း ဆွေမျိုးများဆီ သွားရောက်လည်ပတ်ကာ အလုပ်များနေ၏။ ရှောင်းချွင်မြို့က သူမ ငယ်စဉ်ဘဝထဲ နေထိုင်ခဲ့သည့် မြို့ ဖြစ်သည်။ သူမ၌ မိတ်ဆွေ အကောင်းများ ရှိပေသည်။ နေ့စဉ် နေ့တိုင်း မိတ်ဆွေဟောင်းများဆီ သွားရောက်လည်ပတ်ရန် ရှန်မြောင်ကို ခေါ်သွား၏။ ထို့ကြောင့် ရှန်မြောင်သည် ဖူးရန် တော်တော်များများနှင့် အသိအကျွမ်းဖြစ်လာ၏။ မူလက လူတိုင်းသည် မင်ချီမှ နုနုနယ်နယ် သခင်မလေးသည် အကောင်းဆုံး စားစရာ၊ အနူးညံ့ဆုံး ပိုးထည်များ ကွဲပြားခြားနားသည့် အစာပြေ မုန်များသာ စားတတ်မည်ဟု ထင်ကာ လှပသည့် ပန်းပင်များကိုတောင် ယခင်ကထက် ပိုတောင် လှတပတ ပြင်ဆင်ထားသည်။ ထိုအရာရှိသမီး၌ ယခင်က စိတ်တိုလွယ်သည့် သဘောထားရှိသည်။ အကြောင်းမှာ သူတို့သည် တင်းမြို့တော်မှ ရှောင်းချွင်မြို့သို့ လာရောက်ခြင်း ဖြစ်ရာ ရှန်မြောင်ကို သတိလက်လွတ် ကောင်းကောင်းမွန်မွန် မဆက်ဆံမိမှာကို စိုးရိမ်နေကြသည်။ အချိန်ကာလ အနည်းငယ် ကြာပြီးနောက် သူတို့၏ အတွေးများ အသုံးမကျ ဖြစ်နေတာကို ရှာတွေ့သွားမည်ဟု မည်သူက သိမည်နည်း။ ရှန်မြောင်သည် ရှောင်းချွင်မြို့သို့ သင့်တော်စွာ ဝင်ရောက်လာပြီး အထူး အလေးပေး ဆက်ဆံမှုကို မတောင်းဆိုပေ။ ရှောင်းချွင်မြို့သည် ရံဖန်ရံခါ၌ မိုးသီးမုန်တိုင်းများ ကျရောက်လေ့ ရှိရာ ရှန်မြောင်သည် မကြောက်ရွံ့ဘဲ သိချင်စိတ်သာ ရှိနေသည်။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now