Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke
Translator - NC, Edge
၁၀၈။ ထွက်သွား
"မျိုးဆက်ကို ပြတ်သုဉ်းသွားစေမဲ့ ဆေး၊ အမျိုးသားတွေအတွက် သုံးရမဲ့ ဆေး"
ရမ့်ဝန်ယွင် ခေါင်းငုံ့သွားကာ ရှန်မြောင် သူမ လက်ထဲ ထည့်ပေးထားသော စက္ကူထုပ်ကလေးကို ကြည့်ရင်း ကိုယ်ခန္ဓာက သိမ့်ကနဲ တုန်ယင်လာမိတော့လေသည်။
"ယိညန်တွေအားလုံးကို ဆေးတိုက်တာက နည်းလမ်းကောင်းလို့ အာမခံနိုင်လေမလား၊ ယိညန်တစ်ယောက်က ကလေး မမွေးနိုင်ဘူးဆိုတာနဲ့ နောက်တစ်ယောက်တွေ ဒုတိယတွေ တတိယတွေ... ထပ်ပြီး ထပ်ပြီးတော့ ယိညန်တွေ ရှိလာနိုင်တယ်လေ၊ အာ့ရှန်း... ဘယ်လိုမှ တားဆီးနိုင်မှာ မဟုတ်ဘူး" ရှန်မြောင်၏ စကားလုံးများမှာ ငြို့ငင်စွဲဆောင်သိမ်းသွင်းနေသော လေသံပါသည်။ မိမိ၏ နားသောတယံသို့ တိုးဝင်လာသည့်အခါ၌ ချိုသာ လွင်မြ သာယာသော သဘောရှိနေသည်။
"ငါက ညည်းကို ဘာယုံစရာအကြောင်း ရှိလဲ၊ ဒီဟာက စိန်အဆိပ်ပါမနေဘူးလို့ ဘယ်လို တပ်အပ်ပြောနိုင်မှာလဲ" ရမ့်ဝန်ယွင်က ခါးသီးရွံရှာစွာ ပြောလိုက်လေသည်။
"အာ့ရှန်း ကျွန်မကို မယုံရင် အစေခံမတစ်ယောက်ကို နမူနာ အနည်းငယ် ပေးလိုက်ပြီး သမားတော်တစ်ယောက်ယောက်ကို ရှာမေးလိုက်လေ၊ ဒါမှမဟုတ် တိရိစ္ဆာန်တစ်ကောင်ကောင်ကို ကျွေးကြည့်ပေါ့၊ ဒီလိုမှ မဟုတ်ရင်လည်း... ကိုယ့်ဘာသာ ဒီဆေးကို အပြင်မှာ ရှာဝယ်ကြည့်လိုက်လေ၊ ကျွန်မက လမ်းပဲညွှန်ပြတာ... ဒီအတိုင်း လိုက်လျှောက်လှမ်းဖို့ဆိုတာကတော့ အာ့ရှန်းကိုယ်တိုင် စိတ်ပါဆန္ဒရှိမှ ဖြစ်ပါလိမ့်မယ်"
"ငါက ဒါကို ဘာလို့ လုပ်ရမှာလဲ" ရမ့်ဝန်ယွင် ရှန်မြောင်ကို စိန်းစိန်းကြည့်ကာ အေးစက်စက်ဆိုလေသည်။
"ဘာလို့လဲတဲ့လား" ရှန်မြောင် ခဏမျှ တွေးတောစဉ်းစားလိုက်သည်။ "အဖြစ်နိုင်ဆုံးကတော့ အာ့ရှူတစ်ယောက် သူ့ကိုယ်သူ မြုံနေမှန်း သိသွားတာနဲ့ သတ္တမမောင်လေးရဲ့ တရားဝင်သားဆိုတဲ့ နေရာ ခိုင်မြဲသွားစေမှာမို့ပဲ၊ ဒါတင် မကဘူး၊ အာ့ရှူရဲ့ တစ်ဦးတည်းသော မျိုးဆက်ဖြစ်လာတဲ့ ချီတိ(သတ္တမမောင်လေး)ဟာ အာ့ရှူရဲ့ အရာအားလုံးကို ဆက်ခံပိုင်ခွင့်ရှိလာမှာပဲ... တစ်စုံတစ်ရာဟာ ရှားပါးလေလေ အဖိုးထိုက်တန်လေလေတဲ့"
YOU ARE READING
ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]
Historical Fictionစစ်သူကြီးမျိုးရိုး၏ ပဏာမသမီးတော်၊ ဖြူစင်၊ ရိုးသား၍ အလိမ်အညာခံရလွယ်သော၊ မင်းသားသင်းအား ရူးရူးမိုက်မိုက်ချစ်ကြိုက်မိသူ သူမ သူ့ဇနီးမယားအရာရအောင် ကြိုးပမ်းခဲ့သည်။ သူ့အား ခြောက်နှစ်တိုင်ကူညီပေးခဲ့ပြီးနောက် သူမ တစ်လောကလုံး၏ မိခင်ဖြစ်လာတော့သည်။ တိုင်းပြည်...