၃၅။ နားလည်သဘောပေါက်ခြင်း

9.8K 1.4K 61
                                    

Burmese translation of {Rebirth of Malacious Empress of Military Lineage}

Translator TaeRa_Pandora

၃၅။ နားလည်သဘောပေါက်ခြင်း
___________________________________

ပရိသတ်​တွေကြည့်​နိုင်​ရန်​ နှင့်​ ရလဒ်​​တွေက တရားမျှတသည်​ဆိုတာကို ပြနိုင်​ရန်​ စင်​​ပေါ်တွင်​ ယှဉ်​ပြိုင်​သူ​တွေရဲ့ ပန်းချီကား ကို ပြသ​နေစဉ်​မှာပင်​ ​ဆက်​လက်​​ဆွေး​နွေး​နေကြသည်​။

ဖန်​လျူအာနှင့်​ ကျောက်ယန်တို့၏ ပန်းချီသည်​ ပန်းများပွင့်​​နေ​သော ဥယျာဉ်​မြင်​ကွင်း၏ လမ်း​လေးတစ်​လမ်းဖြစ်​သည်​။ တရားမျှတစွာ​ပြောရလျှင်​ ထိုပန်းချီသည်​ လှပ​သော်​ငြား တကယ့်​ကို ရိုးလွန်းပြီး အဆင့်​နိမ့်​သည်​ ။

ချင်ချင်းသည်​ ကြီးမား​သော "အနီ​ရောင်​ နတ်မိမယ်" ဂန္ဓမာပန်းပုံကို ဆွဲထားသည်​။ သူမသည်​ ဂန္ဓမာပန်း ပျိုး​ထောင်​ခြင်းနှင့်​ ရင်းနှီး​နေသူဖြစ်​နိုင်​ပြီး ပန်းချီ တစ်​ကားလုံးကို ထိုပန်း တစ်​မျိုးထဲနှင့်သာ ​ရေးဆွဲထားသည်​။ ဆွဲထားသမျှ ပွင့်​ချပ်​တိုင်း၊ ပွင့်ချပ်တစ်ခုချင်းစီ၏ အကြောမျှင်တိုင်းသည်​ သူမတူထူးကဲစွာ သက်​ဝင်​လှုပ်​ရှား​နေသည်​။ တွေးမိတာက သူမသည်​ ပန်းချီ ဖန်​တီးနိုင်​သည့်​ စိတ်​ကူးကို လုံးဝ လျစ်​လျူရှု ထားပြီး သူမ၏ပန်းချီဆွဲနိုင်​သည့်​ အရည်​အချင်းကိုသာ အာရုံစိုက်​ထားခြင်းဖြစ်​သည်​။ စာရွက်​​ပေါ်က ထင်​ရှား​နေ​သော အနီ​ရောင်​ နတ်​သမီးသည်​ တကယ့်​ကို လှပ​နေ​သော်​ငြား အရည်​အချင်းစစ်​​ဆေးမှုသည်​ ပန်းချီဆွဲခြင်း တစ်​ခုကိုသာ စစ်​​ဆေးရုံမဟုတ်​ဘဲ ပန်းချီဆွဲခြင်း၏ ရည်​ရွယ်​ချက်​ကိုပါ စစ်​​ဆေးခြင်းဖြစ်​သည်​။(ဆိုလိုတာက ဘာရည်​ရွယ်​ချက်​နဲ့ ပန်းချီ တစ်​ခုကို ဖန်​တီးလဲဆိုတာကို စစ်​​ဆေးတာ) ထို့​ကြောင့်​ ဒီဂန္ဓမာပန်းသည်​ မည်​မျှပင်​ လှ​စေကမူ တတိယ အဆင့်​တွင်​သာ ရှိသည်​ ။
(အနီရောင် နတ်သမီးဆိုတာ ဂန္ဓမာပန်းမျိုးစိတ်တစ်ခု နာမည်ပါ)

လျင်မြန်စွာပင် ရှမ်းယွဲ့၏ ပန်းချီကားကို ပြသသောအလှည့်ဖြစ်လာသည်။ ရှမ်းယွဲ့ သူမနှုတ်​ခမ်းကို ကိုက်​လိုက်​ပြီး ချန်​​ရော့ချိုး ​ဘေးနားတွင်​ သွားထိုင်​လိုက်​သည်​။တည်​ငြိမ်​​သော အပြုံးတစ်​ခုမျှ သူမမျက်​နှာထက်​တွင်​ ရှိ​နေ​သော်​ငြား လက်​သီးကို ကျစ်​ကျစ်​ဆုပ်​ထားသည်​။ ပုံမှန်​အတိုင်းဆိုလျှင်​ သူမသည်​ ​သေချာ​ပေါက်​ လူအားလုံး၏ ချီးကျူး ဂုဏ်​ပြုခြင်းနှင့်​ မနာလို ဝန်​တိုခြင်းတို့ကို လက်​ခံရရှိပြီး တိမ်​​တွေနှင့်​ ​လေ​ပြည်​တွေလို ​ပေါ့ပါးစွာ ပြုံးနိုင်​မည်​ဖြစ်​သည်​။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now