၃၁။ သည်းမခံနဲ့

9.7K 1.2K 40
                                    

၃၁။ သည်းမခံနဲ့
~~~~~~~~~~~~~

Burmese translation of {Rebirth of Malacious Empress of Military Lineage}

Translator - TaeRa_Pandora

___________________________________

"ပန်းချီ ​ဆေး​ရေး အတတ်​ပညာ ?"
ရှမ်း​မြောင်​လက်​ထဲက စာရွက်​ကို​တွေ့​တော့ ဖုန်းအန်းနဉ်​ သူမလည်​ပင်းကို ကုတ်​လိုက်​သည်​။
သူမကိုယ်​တိုင်​လည်း ပြန်​မ​ဖြေခင်​ အနည်းငယ်​ ​တွေ​ဝေ​နေမိသည်​။
"ဘယ်​လို လုပ်​ရမလဲဆိုတာ သိလား..."

တကယ်​​တော့ ဒီစကားလုံး​တွေက ရှမ်း​မြောင်​မှာ အနုပညာ ပညာရပ်​​လေးမျိုးနဲ့ ဆိုင်​တဲ့ ဗဟုသုတ လုံးဝ မရှိဘူးဆိုတာ သိသာ​နေသည့်​ စကားပင်​ဖြစ်​သည်​။ ပန်းချီ​တောင်​ မဆွဲတတ်​တဲ့ လူတစ်​​ယောက်​က ပန်းချီဆြွဲခင်းနဲ့ ဆိုင်​တဲ့ အရည်​အချင်း လုံးဝမရှိဘူးဆိုတာ ​ပြောဖို့ မလို​တော့သည်​မှာ ဖြစ်​သင့်​သည်​။

ရှမ်း​မြောင်​ တိတ်​​နေတာကို ကြည့်​ရင်း ဖုန်းအန်းနဉ်​ လည်း တိတ်​တိ​တ်​​နေမိသည်​။ လူ​တွေဟာ ထူးဆန်းလာသည်​နှင့်​တူပါသည်​။ အစပိုင်းမှာရှမ်း​မြောင်​ကို ဖုန်းအန်းနဉ်​ ရဲ့ မျက်​ဝန်း​တွေက သ​ဘောမကျ​ပေမယ့်​ အခု​တော့ ရှမ်း​မြောင်​ရဲ့ အပြုအမူ ​တွေဟာ ရှမ်း​မြောင်​နှင့်​ မတူ​တော့တဲ့အခါ အခြားတစ်​ဖက်​မှာ ဖုန်းအန်းနဉ်​က ရှမ်း​မြောင်​နှင့်​ စကား​ပြောရန်​ ဆန္ဒပိုရှိလာသည်​။ရှမ်း​မြောင်​၏ ထူးခြား​သော အပြုအမူများကို မြင်​လိုက်​ရ​တဲ့ အချိန်​မှာ ရှမ်း​မြောင်​ဟာ သူကိုယ်​တိုင်​​တောင်​ မသိလိုက်​ပဲ အခြားသူ​တွေကို ဆွဲ​ဆောင်​နိုင်​သည်​ဆိုတာ ဖုန်းအန်းနဉ်​ ခံစားမိလိုက်​သည်​။

နှစ်​​ယောက်​လုံး အသံမထွက်​ပဲ ​နေ​နေ
တုန်းမှာပင်​ ရှမ်းယွဲနဲ့ ရှမ်းချင်းက ယုံကြည်​မှုရှိစွာဖြင့်​ ​လျှောက်​လာသည်​။ ရှမ်းယွဲ့ က ပြုံးလိုက်​ပြီး "ပဉ္စမ ​လေး ဘာ​တွေများ ​ပြော​နေတာပါလိမ့်​... တစ်​ချက်​​လောက်​​ပေးကြည့်​ပါဦး... အစ်​မကြီးနဲ့ ငါက အကြံဥာဏ်​​တွေ ​ပေးနိုင်​မယ်​ ထင်​တယ်​..."

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now