၁၁။ ရှဲ့မိသားစု၏ နိဂုံး

9.8K 1.2K 21
                                    

၁၁။ ရှဲ့မိသားစု၏ နိဂုံး

Burmese translation of {Rebirth of Malacious Empress of Military Lineage}

Translator - No_Cause

___________________________________

ရှန်းမြောင် ခေါင်းငုံ့လိုက်ကာ ရှက်သွေးဖြာနေဟန်ဆောင်လိုက်သည်။

ရှဲ့ကျင်းရှင်းမှာ အသက်နှစ်ဆယ့်ခြောက်နှစ်အရွယ်၌ ဆုံးပါးသွားခဲ့ရရှာသည်။

ယခင်မင်းကြီးသည် ရှဲ့မျိုးနွယ်အား ဖယ်ရှားသုတ်သင်လိုခဲ့သည်။ နောက်ပိုင်းတွင် မင်ချီနိုင်ငံတော်၏ တော်ဝင်မိသားစုမှာ အချိန်နှင့်အမျှ အမြော်အမြင်နည်းပါးပြီး လက်ရုံးနှလုံးရည်မပြည့်ဝသူများသာ ဖြစ်လာတော့သည်။ တိုင်းပြည်အင်အားတိုးတက်စေရန် မည်သို့ဆောင်မည်ဟု မစဉ်းစား၊ ထိုအစား သူတို့၏ ထီးနန်းကို ကာကွယ်နိုင်ရေးအတွက်နှင့်သာ အချိန်ကို ဖြုန်းတီးနေကြလေသည်။ စော်ဘွားနယ်စားမိသားစုများအားလုံးမှာ သူတို့အတွက်တော့ ခြိမ်းခြောက်မှုကြီးတစ်ရပ်ဖြစ်နေခဲ့သည်။ ထိုစဉ်က ဖူရှိုးယီအပြောအရဆိုလျင်၊ ရှန်းမိသားစုက ရိုးရိုးသားသားကျင့်ကြံနေထိုင်ရန်သာဖြစ်ပြီး၊ ရှဲ့မိသားစုမှာ မင်းအမိန့်ကို မနာခံတတ်သောကြောင့် အရင်မင်းကြီး မျက်စိစပါးမွေးစူးရသည်တဲ့လေ။

ရှောင်းနွီက တိုက်ခိုက်လာသောအခါ၊ ရှဲ့မိသားစုစစ်တပ်အား ရှဲ့တင်းဦးဆောင်ကာ စစ်ထွက်ခဲ့သည်။ သို့သော် စစ်မြေပြင်၌ ရှဲ့စစ်သူကြီး၏ တပ်စုများမှာ တစ်ဦးမျှမကျန်အောင် သုတ်သင်ခံရ၍ အရေးနိမ့်သွားရလေသည်။ နှစ်လယ်လောက် ရှဲ့ကျင်းရှင်း ဖခင်ပြန်အလာကို စောင့်မျှော်နေခဲ့သော်လည်း တကယ်တမ်း ရောက်လာသည်ကတော့ အခေါင်းတစ်ခုသာ။
[မှတ်ချက်။        ။ မြောက်ပိုင်းဟူလို့ သူတို့ခေါ်ကြတဲ့ ရွှေ့ပြောင်းနေထိုင်ကြတဲ့ လူမျိုးစုတွေမှာ ၅ စု ကွဲပါတယ်။ အဲ့ဒီအထဲ ရှောင်းနွီက တစ်ခုအပါအဝင်ပါ။]

ရှဲ့တင်းသေဆုံးခြင်းက အဆုံးသတ်မဟုတ်သေး။ ဇာပနပွဲအခမ်းအနား၌ တင်းမြို့တော်မှ ပြည်သူအများ ရှဲ့တင်း၏ နောက်ဆုံးခရီးအား လိုက်ပါပို့ဆောင်ကြသည့်အပြင် တစ်တိုင်းပြည်လုံးလည်း ဝမ်းနည်းပူဆွေးကြသည်။ တော်ဝင်မိသားစုအတွင်တော့ ဤအချင်းအရာမှာ မနှစ်မြို့စရာဖြစ်နေသည်။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]On viuen les histories. Descobreix ara