Chapter 230 Second Assessment (Z & U)

Start from the beginning
                                    

ဒါပေါ့ လူတိုင်းကတော့ နားဖို့မလိုပေ ဥပမာအားဖြင့် ပါရမီ Teng ZiXin လို လူမျိုးပေါ့။ ပေါင်းခံသန့်စင်ခြင်းက သူ(မ)၏ ၀ိဥာဏ်ခွန်အားကို သိပ်မကုန်ခမ်းစေပေ။

You XiaoMo က သူ့ဆီကို ရောက်နေသော စပ်စုနေသော အကြည့်များကို စိတ်ထဲမထားပေ။ စမ်းသပ်မှုပြုလုပ်ချိန်က ကြာသည်လည်းမဆိုနိုင်သလို တိုသည်လည်းမဆိုနိုင်ပေ။ ပြီးတော့ အခုက မွန်းတည့်လု နီးပါးဖြစ်နေသည် ဒီတော့ သူအတွက်ကတော့ နေ့လည်စာ စားချိန်ရောက်နေပြီ။ သူက ချိုပြီးအရသာရှိသည်ဟု နာမည်ကြီးသော စိတ်စွမ်းအင်အသီးများကို ထုတ်ယူလိုက်သည်။

အရင်တစ်ခေါက် အပြင်ထွက်တုန်းက စိတ်စွမ်းအင်အသီးတွေ ၀ယ်ထားတာ ဖြစ်သည်။ အဲဒိတုန်းက အရသာရှိသည်ဟု သူတွေးကာ သိုလှောင်ထားတာဖြစ်သည်။ ဒီတော့ သူဗိုက်ဆာချိန်တွင် အပြင်ထွက်ကာ စားသောက်ဖို့ အဆင်မပြေလှတာကြောင့် စိတ်စွမ်းအင်အသီးများသာ ထုတ်ပြီး စားရတော့သည်။ လူအများ၏ အကြည့်အောက်တွင် သူက စိတ်စွမ်းအင်အသီးကို Ling Xiao ဆီကို ကမ်းလိုက်သည်။ ဒါက You XiaoMoပစ္စည်းတွေကို Ling Xiao ယူတာ ပထမအကြိမ်လဲ မဟုတ်တာကြောင့် သူက တည်တည်ငြိမ်ငြိမ်ပဲ ယူလိုက်သည်။

အနားက Gao Yang က အံသြကာ “ညီလေးYou မင်း စာမေးပွဲလာဖြေတာတောင် စိတ်စွမ်းအင်အသီးတွေ ယူလာသေးတာလား”

စိတ်ဝိဥာဏ်အသီးများက အဖိုးတန်သောအရာမဟုတ်သလို ရှားလဲ မရှားပေ။ နေရာအများအပြားတွင် ၀ယ်နိုင်သည်။ သို့သော် စာမေးပွဲ လာဖြေသူက နေ့လည်စာ စီစဉ်နိုင်သေးတာကို မြင်ဖူးတာ ဒါ ပထမဆုံးအကြိမ်ပြင်။ ပုံမှန်ဆိုလျှင် လူအများက စိတ်လှုပ်ရှားနေကြတာကြောင့် စားသောက်ချင်စိတ်တွေ ပျောက်ဆုံးနေတတ်သည်။ သူကတော့ အေးအေးသက်သာ ရှိလွန်းလှသည်။

You XiaoMo စိတ်စွမ်းအင်အသီးကို တစ်ကိုက်သာ စားရသေးသည် သူ့စကားသံကို ကြားလိုက်ရတာဖြစ်တာကြောင့် ရှင်းပြလိုက်သည် “အဲလိုတော့ မဟုတ်ပါဘူး။ ကျွန်တော် ဒီအသီးတွေ ၀ယ်ထားတာ လတောင် နည်းနည်းကြာနေပြီ ပြီးတော့ အခုထိ စားလို့လဲ မကုန်သေးဘူးလေ။ အာ့..အစ်ကိုGao စားပါဦးလား”

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now