Chapter 201 Resolve (Z & U)

Start from the beginning
                                    

Ling Xaio သုခဘုံနယ်မြေထဲ ၀င်သွားတာကို သူမှတ်မိသွားသည်……..

သူ့အတွေးရထားကြီးက လိုရာ ပန်းတိုင် ရောက်သေးပေ ပြီးတော့ Ling Xiao ၏ ထွေထွေထူးထူးမဟုတ်လှသော အထင်အမြင်သေးသော အသံက သူကနားထဲကို ရောက်လာပြန်သည် “ Tang Fan ခင်ဗျား က အရမ်းပါရမီရှိတဲ့ ထူးချွန်သူဆိုတာတော့ ကျုပ်ဝန်ခံတယ် ခင်ဗျားက အင်ပါယာအဆင့်ရောက်ဖို့ နှစ်တစ်ထောင်တောင်မှမယူခဲ့ပဲ ပြီးတော့ ဒီလို ပါရမီမျိုးက အမှန်တကယ့်ကို နှစ်တစ်ရာမှ တစ်ခု လာခဲတာ ဒါပေမယ့် ကံမကောင်းစွာပဲ ခင်ဗျားက မကောင်းတာတွေ အများကြီး လုပ်ခဲ့တာကိုး။ ကံတရားက ခင်ဗျားဘက်မှာ ထပ်မရှိတော့ဘူး  ဒီဘ၀အတွက် ခင်ဗျားကံတွေက ဆုံးခန်းတိုင်သွားပြီ”

Tian Xianဂိုဏ်းနောက်က WanEတောအုပ်က Tang Fan၏ မကောင်းမှုတွေ လုပ်ဆောင်ရာ နေရာ ဖြစ်သည်။

သန်းနှင့် ချီနေသော လူအရိုးစုတွေနဲ့ ၀မ်းနည်းပူဆွေးမှုတွေက ကောင်းကင်ထိအောင်ပြည့်နှက်နေသည်။

ဒီနေ့တော့ Tang Fan သူ့အကြွေးတွေ သူပြန်ပေးဆပ်ရမည့်နေပင်။

စကားအဆုံးသတ်လိုက်သည် Ling Xiao က မရှောင်လွှဲနိုင်လောက်သောလက်ဝါးရိုက်ချက်တစ်ခုကို Tang Fan ဆီကို လွှတ်လိုက်သည်။

သူ့လက်ကနေ ခရမ်းရောင်မီးတောက်နှင့် အနီရောင်မီးတောက် ပေါ်လာကာ သူ့ လက်ဖ၀ါးကနေ Tang Fan ကိုယ်လုံးဆီကို ဦးတည် ထွက်သွားသည်။ ထို တောက်ပသော မီးတောက်များက သူ့ရဲ့ အရေးပါသော စွမ်းအင်လမ်းကြောင်းများနှင့် အသားများကို ပြင်းထန်စွာ လောင်ကျွမ်းစေသည်။

မီးတောက်များက အလွန်အားကောင်းလှကာ Tang Fan လိုမျိုး လူသိများလှသော အားကောင်းသော ကိုယ်ခံပညာရှင်တောင် မရှောင်နိုင်ပဲ အော်ဟစ်သံတွေသာ ထွက်လာကာ အသံက အလွန်အမင်းကို စိတ်ဆင်းရဲ စရာကောင်းလှကာ လူအုပ်ကြီးတောင် အဲဒါကို ကြားရတော့ စိတ်ထဲမကောင်းလှချေ။

လူတိုင်းက ကောင်းကင်ကနေ ၀ိဥာဏ်ကင်းမဲ့နေသော Tang Fan၏ ကိုယ်ကြီး ၀ုန်းခနဲ မြေပေါ်ကို ပြုတ်ကျလာတာကို အထိတ်တလန့် ကြည့်နေသည်။

ဂိုဏ်းချုပ်တစ်ယောက်၏ ကံကြမ္မာအနေနှင့် ဤမျှထိတ်လန့်စရာ အဆုံးသတ်ရလာဒ်ကြီးကတော့ မကောင်းမှုအတွက် တန်ပြန်ခံစားရတာပင်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now