Part 29

1.7K 126 22
                                    

"ကိုယ် မလိုက်ခဲ့လို့ တကယ်ရလား"

"အင်း။ ကိုဇံလိုက်လာမှအခြေအနေတွေပိုဆိုးကုန်မှာစိုးလို့။ ကျွန်တော့်ဖေဖေက ကျွန်တော်တို့အကြောင်းကို သိ၊မသိဆိုတာလည်း မသေချာသေးဘူးလေ"

"ဟုတ်ပြီ... ဒါဆို ကိုယ် ညီတို့လမ်းထိပ်ကပဲစောင့်နေမယ်နော်"

"ဟုတ်"

ကားပေါ်ကမဆင်းခင် ညီ့လက်လေးကို အားပေးသည့်အ‌နေနှင့် တစ်ချက်ဖျစ်ညှစ်မိသည်။ ညီကလည်း စိတ်ချပါဟူသည့်သဘောနှင့်ပြုံးပြပြီး ကားပေါ်မှဆင်းသွား၏။

ညီ အကောင်းဆုံးရင်ဆိုင်နိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါသည်။

**********Forevermore**********

အိမ်ထဲသို့ဝင်ဝင်ချင်း နွေးထွေးမှုမရှိသော အေးစက်စက်လေထုကဆီးကြိုသည်။

ဧည့်ခန်းတွင်ထိုင်နေသောမိဘနှစ်ပါးသည် သူ့အလာကိုစောင့်နေပုံရ၏။

"ကျွန်တော်ရောက်ပါပြီ"

အသံပေးလိုက်တော့ သူ့ထံ မေမေရဲ့အကြည့်တို့ရောက်လာပြီး အပြုံးဖြင့်နှုတ်ဆက်ကြိုဆိုသည်။ သို့သော် မေမေ့အပြုံးတွေက လန်းဆန်းခြင်းမရှိ။

"ရောက်ရင် ဒီမှာလာထိုင်"

ကျောပေးထားသောဖေဖေက လှည့်တောင်မကြည့်ဘဲ သူ့ရှေ့ကဆိုဖာတွင် လာထိုင်ရန်ပြောသည်။ ဖေဖေ့အသံမှာ အရင်ထက် ပိုအေးစက်ကာ ဒေါသသံကိန်းလို့နေသည်။ မေမေ့အရိပ်အခြည်ကိုကြည့်လိုက်တော့ မေမေက ခေါင်းညိတ်ပြသည်။ အဆင်ပြေသွားမှာပါဟူ၍ နှစ်သိမ့်သည့်သဘောဖြင့်။

မေမေသည် ဖေဖေ့ကိုချစ်ကြောက်ရိုသေရသည်။ အာဏာရှင်ဆိုသည့်နာမည်အတိုင်း ဖေဖေသည်အရမ်းကိုအာဏာရှင်ဆန်သည်။ ငါ့မယား၊ ငါ့သားက ငါ့စကားပဲနားထောင်ရမည်ဆိုသည့် အတ္တဆန်သည့်စိတ်မျိုး ဖေဖေ့တွင်ရှိသည်။

သူ့သဘော၊ သူ့ဆန္ဒကို ဖေဖေသည် ဘယ်တော့မှမေးမြန်းခြင်းမရှိခဲ့ပါ။ သူ့ဖေဖေနှင့်သူသည် ငယ်စဉ်က ရင်းရင်းနှီးနှီးရှိခဲ့ကြပါသည်။ သို့သော် သူအရွယ်ရောက်လာသည်နှင့်အမျှ သူ့ဖခင်နှင့်တဖြည်းဖြည်းအနေစိမ်းလာခဲ့သည်။ အမြဲလိုလို အလုပ်ထဲခေါင်းစိုက်နေတတ်သောဖေဖေသည် သူနှင့်စကားတစ်ခွန်းနှစ်ခွန်းပြောဖို့တောင် အချိန်မပေးနိုင်ခဲ့ပါ။ သားအဖနှစ်ယောက် တစ်အိမ်တည်းအတူနေပြီး မျက်နှာချင်းဆိုင်ဆုံရန်တောင်မလွယ်ကူခဲ့တဲ့အထိ။

Forevermore {ယခုမှသည် နောင်ထာဝစဉ်}Tahanan ng mga kuwento. Tumuklas ngayon