Part 1

7.8K 334 2
                                    

Check below for Zawgyi..

အချစ်...

အချစ်ဆိုတာ ကြည့်တော့စာလုံးနှစ်လုံးတည်း။ ဒါပေမဲ့ အဲ့စာလုံးနှစ်လုံးရဲ့နောက်မှာ နောက်ဆက်တွဲပေါင်းများစွာရှိသေးတယ်။ လောကမှာ အကောင်းအဆိုးဆိုတာ အမြဲဒွန်တွဲနေတာပဲမဟုတ်လား။ အချစ်ရဲ့နောက်ဆက်တွဲတွေမှာလည်း ကောင်းတာတွေရှိသလို ဆိုးတာတွေလည်းရှိတယ်။ အကောင်းအနေနဲ့ ပျော်ရွှင်မှု၊ သာယာကြည်နူးမှု၊ နွေးထွေးမှုတို့ပါသလို အတ္တ၊ လောဘ၊ မာန၊ ဒေါသ၊ ပူလောင်မှု..အစရှိတာတွေက မကောင်းတဲ့ဘက်မှာပါဝင်နေတယ်။

ဒါပေမဲ့...
ချစ်ခြင်းမေတ္တာကျတော့ အချစ်နဲ့ကွဲတယ်လို့ဆိုရမလား။
သူ့မှာကျ မေတ္တာတရားရဲ့နွေးထွေးမှု၊ အေးချမ်းမှုက ဒွန်တွဲပါလာပြီးသား။ မေတ္တာမှာ အချစ်လို ဘေးထွက်ဆိုးကျိုးမရှိဘူး။

ကိုယ်က မင်းကို ဘေးထွက်ဆိုးကျိုးကင်းပြီး မြတ်နိုးခြင်းအတိပြီးတဲ့ ချစ်ခြင်းမေတ္တာနဲ့ချစ်ခင်မြတ်နိုးရပါတယ် ညီ...
ဒါပေမဲ့ အချစ်ရဲ့နှစ်သက်ဖွယ်ဘေးထွက်ဆိုးကျိုးဖြစ်တဲ့
အလွမ်းဒဏ်ကိုတော့ ကိုယ်အခုထိခံနိုင်ရည်မရှိသေးဘူး ညီရယ်...

အခုဆို ညီဘယ်ကိုများရောက်နေပြီး ဘာ‌တွေများလုပ်နေမလဲ။ လွမ်းတယ် ညီရယ်...
နာကျင်ခံစားနေရပေမဲ့လည်း
နာကျင်မှုကိုပဲ ကိုယ်ပျော်ရွှင်စွာပွေ့ပိုက်ရင်း
ကိုယ် မင်းကိုအရမ်းလွမ်းနေတယ်ညီ...

***************************

လွန်ခဲ့သော (၂၅)နှစ်ခန့်...

8.8.2015~~~
Yangon.

"ဟာ ငါ့ကောင်ကြီး ဒီနေ့လာတာနောက်ကျနေပါလား။ လာ ထိုင်"

မုန့်ဆိုင်ထဲဝင်လာသောမဟာဇံကိုတွေ့သည်နှင့်
ကောင်းမြတ်သူက သူ့ခုံဘေးမှလွတ်နေသောခုံကို ဆွဲထုတ်ပေးရင်း‌ပြောလေသည်။

"အေးလေ ဒီနေ့မှဘယ်လိုဖြစ်လို့နောက်ကျနေတာလဲ ဘာလဲ ဆရာမက စာမေးမယ်ဆိုလို့ အခုမှကုန်းကျက်နေတာလား"

ကောင်းမြတ်သူ၏စကားကို မင်းဝဏ္ဏကပါသံယောင်လိုက်ရင်း မေးခွန်းထပ်ထုတ်သည်။
မဟာဇံက သူတို့ပြောသမျှကိုပြန်မဖြေနိုင်သေး။ အမောတကောဖြင့် ကောင်းမြတ်သူထုတ်ပေးသောခုံမှာဝင်ထိုင်ရင်း ကောင်းမြတ်သူရှေ့ကအအေးခွက်ကိုပါယူပြီး မော့သောက်၏။ ပြီးမှစကားဆက်သည်။

Forevermore {ယခုမှသည် နောင်ထာဝစဉ်}Where stories live. Discover now