Part 18

1.8K 139 8
                                    

"Morning ညီ"

"နေ့လည်စာစားပြီးပြီလား"

"အတန်းဆင်းရင်ဖုန်းဆက်နော်... ကိုယ်လာကြိုမယ်"

"Good Nightညီ... အိပ်မက်လှလှမက်ပါစေ။အိပ်မက်ထဲ ကိုယ့်ကိုထည့်မက်နော်"

နေ့တိုင်းလိုလို သူ့ဆီသို့ကိုဇံပို့နေသော မက်ဆေ့ခ်ျများကိုပြန်ကြည့်ပြီး ညီသုရှင်မျက်နှာက ပြုံးလို့နေသည်။

အခုဆို ကျောင်းသွား၊ကျောင်းပြန် ကိုဇံပဲအကြိုအပို့လုပ်ပေးသည်။ အိမ်ကမရိပ်မိအာင်တော့ ပိပိရိရိလိမ်ထားရသည်။ မဟုတ်ရင် မိုးမီးလောင်မှာပင်။

ကဗျာဇံပြောသလိုပင် နှစ်လမပြည့်မချင်းကိုဇံ့ကို သူအဖြေမပေးခဲ့။ ထိုအတောအတွင်းမှာ ကိုဇံက သူ့ကို အသေးစိတ်ကအစ ဂရုစိုက်ပေးသည်။ အခုဆို နှစ်လကျော်လို့ သုံးလပင်ပြည့်တော့မည်ဖြစ်သော်လည်း ကိုဇံ့ကို အဖြေမပေးရသေး။ တမင်တကာမပေးတာမဟုတ်။

တစ်ယောက်ဆိုတစ်ယောက်တည်းသာချစ်ခဲ့မိသူမို့ "ကျွန်တော်လည်း ကိုဇံကို ချစ်ပါတယ်ဆိုပြီး" ရိုးရှင်းစွာ ခေါင်းညိတ်အဖြေမပေးချင်။ သူ့ခံစားချက်တွေကိုဖော်ပြနိုင်မည့် အကောင်းဆုံးနည်းကို စဉ်းစားနေတာပင်။

သူအဖြေမပေးသေးသော်လည်း ကိုဇံက အဖြေမပေးသေးဘူးလား၊ ဘယ်တော့ပေးမှာလဲ စသဖြင့် သူ့ကိုစိတ်ရှုပ်စေမည့်မေးခွန်းမျိုး တစ်ခါမှပင်မမေးဖူးခဲ့။
ကိုဇံက သူ့ကိုမငြီးမငြူ ဂရုစိုက်ပေးသည်။ တစ်ခါတစ်လေဆို စည်သူမောင်နဲ့အူတိုတတ်သေးသည်။ ထိုအခါကျ ကိုဇံ့မျက်နှာကြီးက အရမ်းကိုချစ်ဖို့ကောင်းနေရော။ ကိုဇံဖြစ်နေတဲ့ပုံကိုကြည့်ပြီး အားရပါးရရယ်ချလိုက်ချင်သော်လည်း ဇာတ်တိုက်ထားသည့်အတိုင်း မသိချင်ယောင်ဆောင်နေရသည်မှာလည်း ဒုက္ခတစ်ခု။

ကဗျာဇံ၏စနက်အတိုင်း ကိုဇံရှေ့ရောက်ရင် စည်သူမောင်ကို "မောင်"လို့ပဲ အဖျားဆွတ်ခေါ်ရတာကလည်း ဆင်းရဲခြင်းတစ်ပါး။ သူက အနုအရွမကြိုက်သူမို့ အဲ့လိုခေါ်ရသည်မှာ တော်တော်ကသိကအောက်နိုင်လှသည်။

"ဟဲ့ ‌သွားလေးဘာလေးစိပါဦး။ သွားအအေးပတ်နေဦးမယ်"

ကဗျာဇံက လာချပေးသောအအေးခွက်ကို ပိုက်ဖြင့်တစ်ချက်နှစ်ချက်မွှေပြီးမှ စုပ်သောက်ရင်း မျက်စောင်းထိုးကာပြောလေသည်။

Forevermore {ယခုမှသည် နောင်ထာဝစဉ်}Where stories live. Discover now