Part 16

1.9K 163 11
                                    

ဘဝက ရုပ်ရှင်မဟုတ်ဘူးတဲ့။ အခုကြမှ ညီသုရှင်၏ဘဝက မအေးအေးဝင်းမစီစဉ်ဘဲနှင့် အဘယ်ကြောင့် ရုပ်ရှင်လာဆန်နေရပါသနည်း။

သင်တို့ကြုံဖူးကြပါသလား။ ကိုယ်အနှစ်နှစ် အလလ တစ်ဖက်သတ်ကြိတ်ချစ်နေခဲ့ရသူက ကိုယ့်ရှေ့မှာရပ် ကိုယ့်ကိုစိုက်ကြည့်ပြီး ကိုယ့်ကိုချစ်တယ်လို့လာဖွင့်ပြောနေတာကို။ ကျွန်တော်တော့ အခုကြုံနေရပြီ။

ဒါ ဒါ အိပ်မက်လား။ အိပ်မက်ပဲနေမှာပါ... ကိုဇံက ငါ့ကိုလာဖွင့်ပြောစရာအကြောင်းမှမရှိဘဲ။ ဟုတ်တယ် ဒါအိပ်မက်...

"ညီ ကိုယ်ပြောတာကို ကြားလား"

ဟင် အိပ်မက်ကလည်း တကယ်လိုပါပဲလား။ မသိရင်တကယ်ဖြစ်နေသလိုပဲ။ ကောင်းလိုက်တာ... အိပ်ယာကတောင် မထချင်တော့ဘူး။

"ညီ! ကိုယ်ပြောနေတာကို ကြားလားလို့... တစ်ခုခုပြန်ဖြေပါဦး"

မဟာဇံဘက်မှချစ်တယ်လို့ဖွင့်ပြောလိုက်ချိန်မှစ၍ ညီသုရှင်တစ်ယောက် ဘာမှမပြောတော့ဘဲ ကြောင်တောင်တောင်နှင့် ငူငူငိုင်ငိုင်ကြီးရပ်နေလေသည်။

စိတ်မရှည်တော့၍ ပုခုံးကိုလှုပ်ပြီးမေးတော့မှ အကြည့်တွေက သူ့ဆီရောက်လာသည်။ သို့သော် အကြည့်တို့ကရီဝေဝေနှင့်။
သူ့အားရီဝေဝေကြည့်ပြီး ပြုံးစိစိနှင့်ပြောလိုက်သည်က
"အိပ်မက်ထဲမှာလည်း ကိုဇံကချောလိုက်တာ"တဲ့။

ဘာလဲ ညီသုရှင်က အခုဖြစ်နေတာကို အိပ်မက်မက်နေတယ်လို့ထင်နေတာလား!

"ညီ! ညီ သတိထားစမ်း ကိုယ်လေ... မဟာဇံလေ။ အိပ်မက်မဟုတ်ဘူးညီ သတိထားဦး"

ပါးကိုခပ်စပ်စပ်လေး ပုတ်နှိုးတော့မှ သတိပြန်ဝင်လာပုံနှင့်
အလန့်တကြား မျက်လုံးပြူးမျက်ဆံပြူးဖြစ်ကာ

"ဟင် ကိုဇံ! တကယ်ကြီးလား။ တကယ်ကို အိပ်မက်မဟုတ်ဘူးလား" ဟုမေးလာသည်။ တကယ်ကို မယုံနိုင်ဘူးနဲ့တူတယ်။ သူကကိုယ့်ကို အစ်ကိုတစ်ယောက်လို ရိုးရိုးသားသားခင်တာကို ကိုယ်ကဆန်းဆန်းပြားပြားချစ်ချင်နေတော့ လက်မခံနိုင်ဖြစ်နေတာနေမှာ။

"ညီ့မှာချစ်နေတဲ့သူရှိမှန်းကိုယ်သိပါတယ်... ဒါပေမဲ့ အဲ့လူကညီ့ကိုမှပြန်မချစ်တာ။ အဲ့လူကိုမေ့ပစ်နိုင်လောက်တဲ့အထိ ကိုယ်ညီ့ကိုချစ်ပေး၊ ဂရုစိုက်ပေးမှာမို့ ကိုယ့်ကိုမခေါ်မပြောဘဲ‌တော့ မနေပါနဲ့နော်... ကြိုးစားခွင့်လေးတော့ပေးပါ။ ပေးမယ်မလားဟင်"

Forevermore {ယခုမှသည် နောင်ထာဝစဉ်}Where stories live. Discover now